အပိုင်း - ၂၅။

2.2K 125 13
                                    

မျက်နှာပေါ် စူးလွန်းတဲ့ရောင်ခြည်ကျရောက်လာတာကြောင့် အကြင်နာနိုးလာခဲ့သည်။ နာရီကြည့်မိတော့၉နာရီ ခွဲနေလေပြီ။ ဒီနေ့လဲ စောစောထမည်ဆို၍ နောက်ကျခဲ့ပြန်သည်လေ။

ရေချိုးပြီး အောက်ဆင်းတော့ အိမ်ကတိတ်ဆိတ်နေလေသည်။ ဖေဖေကလဲ လွန်ခဲ့တဲ့တစ်ပတ်ထဲက အလုပ်ကိစ္စဖြင့် ခရီးထွက်နေသည်မှာ ပြန်မရောက်သေး။ မေမေကလဲ ဖေဖေအိမ်မှာမရှိလို့ သူလဲအိမ်သိပ်မကပ်ပေ။ ဒီနေ့လဲ မေမေမရှိပြန်ဘူးထင်၏။

" တီတီရေ "

တီတီကတော့ သူ့ပိတ်ရက်မို့ အိမ်မှာရှိပေလောက်မည်မို့ ခေါ်ကြည့်လိုက်တော့ အိမ်ရှေ့ခန်း၌ ထိုင်နေလေသည်။

" နိုးပြီလား။ မနက်စာအစ်မက ထမင်းကြော်သွားပေးတယ်။ "

" မေမေအခုဘယ်သွားတာလဲ "

" သူ့သူငယ်ချင်းအိမ်သွားကြည့်တာ လိုက်သွားပေးတယ် ... ညနေလောက်မှပြန်ရောက်မယ်ပြောသွားတယ်။ "

ခေါင်းငြိမ့်ပြတာပြီးနှင့် မီဖိုးချောင်ဘက်သို့ထွက်လာသည်။ မေမေကြော်ပေးထားသည့် ထမင်းကြော်ကိုစားရင်း စာအုပ်တစ်ခုဝယ်ရန် သတိရသွားသည်။ ဟိုတစ်လောကမှ ရှာတွေ့ထားတာလေး မရလိုက်မှာဆိုးလို့ စားပြီးရင် သွားဝယ်ရန်ပြင်လိုက်သည်။

စားပြီးနောက် အပြင်ထွက်ကြည့်တော့ ခုနကပဲနေပူပြီး အခုပဲချက်ချင်းရွာချတော့မလို မှောင်မိုက်နေတဲ့မိုး။ ဒါမဲ့လည်းမရွာလောက်သေးဘူးထင်၍ လမ်းလျှောက်ပြီးပဲထွက်လာခဲ့သည်။
သိပ်မဝေးတာကြောင့် တစ်ခဏလေးဖြင့်ရောက်သည်။ ဆိုင်ထဲဝင်ပြီး စာအုပ်ကိုရှာတော့ တွေ့သည်မို့တော်သေးသည်။

စာအုပ်ယူပြီး ပြန်ထွက်လာတော့ အိမ်မပြန်ချင်သေးတာကြောင့် တီချယ့်အိမ်သွားရမလား စဥ်းစားနေသေးသည်။ တီချယ်အိမ်သွားဖို့ပြင်လိုက်စဥ် မိုးစရွာလာတာကြောင့် အနီးဆုံးအိမ်ကိုပဲ ပြန်လာလိုက်ရသည်။

" ဘယ်သူရောက်နေတာလဲ "

အိမ်ရှေ့မှာ သူစိမ်းဖိနပ်တစ်ရံ တွေ့တာကြောင့် အိမ်ထဲဝင်ကြည့်လိုက်တော့ အိမ်ရှေ့မှာ လွန်းနှင့် တီတီကိုတွေ့သည်။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အကြင်နာဒေါသစတင်လာပြန်သည်။ လွန်းက တီတီရဲ့ခါးကို ဖက်ပြီး နမ်းဖို့ပြင်နေတာပင်။

ချစ်မိသွားချိန်၌Where stories live. Discover now