အပိုင်း - ၄။

1.4K 115 5
                                    

အခုနောက်ပိုင်း ကျောင်းတက်ရတာပျော်သလိုရှိလာသည်။ အကြင်နာလဲစိတ်ဝင်စားစရာလေး တစ်ခုရှိနေလို့လားမပြောတက်။ ပိတ်ရက်တောင်မရောက်ချင်နေတာတော့ မှန်ပါ၏။

"Toilet သွားမို့...လိုက်ခဲ့ပါလား။"

"အေး။ သွားလေလိုက်မယ်။"

လွန်းနှင့်အတူအတန်းအပြင်သို့ထွက်ခဲ့လိုက်တော့သည်။ toilet နားရောက် အထဲတွင်လူတစ်ယောက်ရှိနေသည်မို့ရပ်စောင့်နေလိုက်သည်။ အထဲ၌ရေသံများသာကြားရသည်။ ကြည့်ရတာလက်ဆေးနေတာထင်။ လက်ဆေးတာကိုအပြင်မှာမဆေးပဲ Toilet ထဲဆေးလို့ အကြင်နာပြောမိလိုက်ပါသေးသည်။

"နင်ကလဲတိုတိုးပြောအထဲက ကြားရတယ်။အပြင်ကဘေစင်မှာ ရေပျက်နေတာကို။ toilet ထဲဘေစင်ပဲ လက်လာဆေးရတာပေါ့ဟဲ့။"

လွန်းကတော့ တစ်ဖက်သားဘက်ကနေ ဝင်ဝင်တွေးပြီး ကိုယ်ချင်းစာကြည့်ဖို့ အမြဲပြောနေသူတစ်ဦးပါ။ သူကိုယ်တိုင်လဲ ထိုနည်းတူပင်။

"လက်ဆေးတာလဲကြာလိုက်တာ... အတန်းထဲ မြန်မာဆရာမတောင်ဝင်နေပြီလားမသိ။"

Toilet ထဲကလူကြားသွားမည်ဆိုးသဖြင့် တိုးတိုးလေးသာပြောလိုက်ရသည်။ ပြောပြီး၁မိနစ်လောက်အကြာ Toilet ထဲကလူထွက်လာပါပြီ။

"အော်။ ဒီတစ်ယောက်တွေ့ပြန်ပြီ။"

အသံကြောင့် ထွက်လာသည့်လူကိုကြည့်မိတော့တီချယ်။ လွန်းမျက်နှာကိုထပ်မံဦးစွာကြည့်မိလိုက်တော့ ပြုံးဖြီးနေတာပင်ဖြစ်သည်။

"တီချယ် လက်မှာ မာကာမင်တွေပေနေလို့ဝင်ဆေး
နေလို့ ကြာသွားတာကွယ်။"

မမေးပဲပြောပါသော တီချယ်သည်အကြင်နာပြောသည့် စကားတွေအားကြားပုံ။ ကြားကိုကြားလိမ့်မည်။ အခန်းတိုင်းစာသင်နေတာမို့ တိတ်နေသည်လေ။ ဒါကြောင့်ပင်။ အခုမှအကြင်နာ့မှာ အားနာနေလျက်ရှိသည်။

"ဟုတ်တီချယ်။သမီးတို့ကရပါတယ်။"

လွန်းမှာ စကားသွက်သူပီပီတီချယ့်အားပြန်ပြောသည်။ တီချယ်က ပြုံး၍သာထွက်သွားသည်။

"တီချယ်ကနင့်ကိုဒီတစ်ယောက်နဲ့တွေ့ပြန်ပြီပြောသွားတာဘယ်တုန်းက တွေ့တာလဲ။ ငါ့ကိုလဲခေါ်ဦး။"

ချစ်မိသွားချိန်၌Where stories live. Discover now