အပိုင်း - ၂၂။

1.3K 104 10
                                    

" ဟယ်။ နင်ဘာဖြစ်လာတာလဲ။ "

အောက်ရောက်တာနှင့် တီတီရဲ့အသံဟာစတင်ထွက်ရှိလာသည်။ တီတီပြောတာက သဘောမပေါက်သဖြင့် ပြန်မေးခွန်းထုတ်လိုက်သည်။

" နင့်ပါးကလေ.."

အဲ့လောက် နီနေသလားဟု မှန်ကိုတစ်ဖန်ပြေးကြည့်ရပြန်သည်။ ပါးက ခုနကထက်တောင် ပိုနီသွားသေးသည်။

" အကြင်နာမသိတော့ဘူးတီတီရယ်။ ညကတီချယ့်ကိုပို့ပြီးတော့ ပြန်လာတာပဲလေ.."

မေမေကတော့ ပါးအရောင်အရင်ကျစေရင် ဆေးတစ်ခုခုလိမ်းရန်ပြောသည်။ နောက်အေရီလဲဆင်းလာကာ အာလုံးထမင်းလက်ဆုံစားဖြစ်ကြသည်။ တစ်အောင့်ကြာတော့ အေရီဆေးထည့်ပေးမည်ဆိုသဖြင့် အပေါ်ထပ်တက်ခဲ့လိုက်သည်။

" ပြန်စဥ်းစားကြည့်ပါဦး...ညကဘာများဖြစ်လဲလို့။ "

" တကယ်ပါဘာမှမဖြစ်ဘူး။ ညက တီချယ့်ကိုပို့ပေးပြီးတာနဲ့ ပြန်-"

ရုတ်တရက် ပြန်ပေါ်လာသည့်အတွေးကြောင့် အကြင်နာပြောစရာစကားပြတ်သွားသည်။ ညက ကိစ္စ့မှတ်မိသွားတော့ ကိုယ့်နဖူးကိုယ်ပြန်ရိုက်ရုံကလွဲ၍မတက်နိုင်။ သောက်တာများသွားပြီး လုပ်ချင်တာတွေလုပ်ခဲ့မိတာကို။

" ဆက်ပြောလေ.."

" ပြန်...ပြန်လာတာပဲ။ ဒါပဲလေ။ "

မယုံသည့်မျက်လုံးတွေဖြင့်ကြည့်သည့် အေရီ့ကြောင့်ကြက်သီးပါထမိသည်။ အေရီသိရင်မလွယ်ဘူး။ တီချယ့်ကို ပြသာနာရှာမှာပင်။

" ပြောစရာရှိသေးတယ်။ "

" အင်းပြောလေ။ "

" လမ်းခွဲရအောင်။ နင်လဲချစ်တာမှမဟုတ်တာ...ဒီတိုင်းတွဲရုံပဲမဟုတ်လားနင့်ဘက်က။ "

အေရီပြောသည့်စကားကြောင့် တစ်ခဏတာ ငြိမ်သွားသော်လည်း အကြင်နာ့ရင်ထဲ ပျော်သလို ၊ လွတ်လပ်မှုကို ရတော့သလို ခံစားချက်ကြီးရလာသည်။

" ငါ..ငါတောင်းပန်ပါတယ်အေရီ။ ငါနင့်ရဲ့အချိန်တွေဖြုန်းမိလိုက်ပြီ။ "

" ရပါတယ်။ ပြီးတော့ ငါမနက်ဖြန်ဟိုကိုပြန်တော့မယ်။ ဖေဖေကလဲ အရေးကြီးကိစ္စ့ပြောမို့။ "

ချစ်မိသွားချိန်၌Where stories live. Discover now