အပိုင်း - ၁၃။

1.1K 83 5
                                    

ဒီနေ့တကယ်ကိုပင် ကျောင်းသွားဖြစ်မည်။ စာတွေလဲကူးရမှာ အစုလိုက်အပြုံလိုက်ပင်။ ရှိသမျှ သတ္တိတွေစုကာ ကျောင်းကို သွားရန်ဆုံးဖြတ်လိုက်တော့သည်။

" အကြင်နာမြန်မြန်လုပ်။ နောက်ကျရင် လာမပြောနဲ့နော်။ သစ္စာတောင် ပြီးနေပြီ။ "

အောက်ထပ်က တီတီယမင်းခေါ်သံကြောင့် အလျင်အမြန် လှေကားပေါ်က ဆင်းခဲ့တော့သည်။ ယနေ့ ဖေဖေကျောင်းသို့လိုက်မပို့ပါ။ ဖေဖေ့အစား တီတီယမင်းက လိုက်ပို့ပေးလေသည်။

" ကျောင်းသွားနိုင်တာကောဟုတ်ရဲ့လား။ ရုပ်ကို
ကြည့် ဆူပုတ်နေတာပဲ။ ဘာဖြစ်နေလို့လဲ။ "

" အသဲကွဲနေတာထင်တယ်တီတီယမင်းရဲ့။ မမအကြင်နာကလေ..."

" ဘာမှမဖြစ်ပါဘူး!။ အခုစမောင်းပါတော့တီတီယမင်းရဲ့။ သစ္စာနင်လဲ ပိတ်တော့ပါးစပ်။ "

စိတ်ရှိတိုင်းသာဆို အကြင်နာကျောင်းမသွားချင်ပေ။
မိုးကလဲ ကျောင်းတက်ရင်ရွာပြီ။ ပိတ်ရက်ဆိုနေပူချက်။ ယခု မိုးလဲအရမ်းရွာတာမို့အိမ်မှာသာနေချင်သည်။ ကျူရှင်လဲမသွားတာကြာပြီဖြစ်၏။

" အကြင်နာ...နေကောင်းပြီလား။ "

ကျောင်းပေါက်ဝနား၌ အစုံအပြုံလိုက် သူငယ်ချင်းတစ်စု။ အကြင်နာလာတာမြင်တော့ မေးကြသည်။ အကြင်နာ ထိုတွေထဲမှာ လွန်းကိုရှာကြည့်တော့မတွေ့။ စိတ်ထဲ အနဲသက်သာရသွားကာ ခပ်ပြင်းလေးဖွဖွချလိုက်သည်။

" အဖွဲ့လိုက်ကြီးဘာလုပ်နေကြတာလဲ။ "

" အင်္ဂလိပ်စာ essay ပြိုင်မို့ရုံးခန်းကို စာရွက်လာပေးကြတာလေ။ "

" အော်ဟိုတစ်ခေါက်က နင်တို့ပြောတဲ့ဟာ။ "

" အေးဟုတ်တယ်။ အယ်...တီချယ်ဝါရေ!။ "

ရုတ်တရက် စကားပြောရင်းမှ ရုံးခန်းဘက်ကိုကြည့်ကာ သူငယ်ချင်းက ခေါ်လိုက်တာမို့ အကြင်နာလဲ အဲ့ဘက်သို့ ကြည့်မိလိုက်သည်။ ခုနလေးကမှ ကျောင်းကိုလာပုံရသည့် တီချယ်က ကျောင်း uniform မလဲရသေးပဲ အပြင်ဝတ်စုံဖြင့်။ ခရမ်းအနုရောင်ဝမ်းဆက်ကို ဝတ်ထားတဲ့ တီချယ်ဟာ တကယ်ကိုလှသည်။

ချစ်မိသွားချိန်၌Where stories live. Discover now