အပိုင်း - ၁၇။

1.3K 80 4
                                    

" ဘယ်လိုအမေ! သမီးဘယ်လိုမှ လက်မခံနိုင်ဘူးနော်။ "

မေမေဟာ ရုတ်တရက် ကိုသုခထွန်းဖြင့် စေ့စပ်ခိုင်းသည်တဲ့လေ။ ခက်ဝါ ဘယ်နည်းနဲ့မှ လက်မခံနိုင်ပါ။

" ညည်းငါ့ကိုပြန်အော်တာလား။ ခက်ဝါခေါင်းမမာစမ်းနဲ့။ မအေကကိုယ့်သမီးကောင်းစေချင်လို့ပြောတာ။ ဘာလဲညည်းမှာ ချစ်သူရှိလို့လား.."

" ပေါက်ပေါက်ရှာရှာ..မရှိပါဘူး။ ဒါမဲ့လဲ ကိုသုခထွန်းနဲ့ လက်မထပ်ရစေနဲ့။ သမီးလက်မထပ်ချင်ဘူး။ "

" ခက်ဝါ! လက်မထပ်ရင် ညည်းနဲ့ငါသေခန်းပြတ်။ "

ခေါင်းကြောမာတဲ့ အမေနဲ့။ ခေါင်းကြောမာတဲ့ သမီးတွေ့ပြီလေ။ ပြောချင်ရာပြောပြီး ထထွက်သွားတဲ့အမေ။ ရှေ့၌ ခက်ဝါတစ်ယောက်ထဲ ငူငိုင်ငိုင်ကျန်ခဲ့လေသည်။ နောက်မှ ယမင်းဆီသွားဖို့ ထရပ်ကာ ရှုပ်ထွေးနေတဲ့ စိတ်အစုံနဲ့ ယမင်းအား ပြောပြရင် အိမ်ကနေထွက်လာခဲ့လိုက်တော့သည်။ ယမင်းအိမ်ရောက်တော့ သူ့အစ်မကသာ တခါးလာဖွင့်ပေးလေသည်။

" ခက်ဝါလာဝင်..ယမင်းက သူ့တူမနဲ့ဖုန်းပြောနေလို့။"

သူ့တူမဆိုလို့ ခက်ဝါရင်ထဲတစ်ချက်တုန်လှုပ်သွားသည်။ ပြီးမှ အမအားပြုံးပြ၍ အိမ်ထဲဝင်ရောက်လာခဲ့တော့သည်။

အကြင်နဲ့နှင့်တစ်လမှ တစ်ခါတောင်စကားမပြောဖြစ်ကြတာကြောင့် ဖုန်းပြောရင် အသဲအသန်ပြောရသည်။ အကြင်နာ့ဘက်က အချိန်မရတာကြောင့်ဖြစ်သည်။

" ခက်ဝါ နင့်တပည့်လေ။ လာခဲ့ဒီနား.."

ဖုန်းကိုမြှောက်ပြကာ ပြောပြီး ဘေးကနေရာသို့လာရန်ပြောသည့် ယမင်း။ ယမင်းဘေးမှာလဲ အကြင်နာ့အဖေ။ အကုန်လုံးက ဖုန်းပြောဖို့ စုနေကြသည်။ အလယ်က ယမင်းက ဖုန်းကိုင်၍ speaker ဖွင့်ထားကာ အကြင်နာရဲ့မိဘတွေရော ယမင်းကောပါ အတူတူဖုန်းပြောကြသည်။

" အကြင်နာ...နင့်တီချယ်ရောက်နေတယ်အခု။ "

ယမင်းက အကြင်နာ့အား စတင်ပြောလိုက်ပြန်သည်။ ခက်ဝါ ရင်ထဲတွင် တစ်ဖက်က ဘယ်လိုတုံ့ပြန်လာမလဲ စိတ်ဝင်တစားရှိနေသည်။

" ဘယ်တီချယ်.. အာတီချယ်ဝါလား။ "

တစ်ဖက်က မေးသံကြောင့် ယမင်းဟုတ်တယ်လို့ဖြေရာမှအကြင်နာက အော်တစ်လုံးထဲအသံပြု၍ အခြားစကားလမ်းကြောင်းကို လွဲပစ်လိုက်သည်။ ခက်ဝါရင်ထဲ အနဲငယ်မကောင်းရှိသွားသည်။ ယမင်း ဖုန်းကို အမဖြစ်တဲ့လူဆီ ပေးခဲ့လိုက်ပြီး ခက်ဝါနှင့်အတူ အပေါ်ထပ် အခန်းဆီသို့ လာခဲ့လိုက်ကြတော့သည်။

ချစ်မိသွားချိန်၌Where stories live. Discover now