2🐈

393 56 37
                                    

Gemini စကားကြောင့် ခြေလှမ်းတို့ဟာရပ်တန့်သွားလျက်...အနောက်ဘက်သို့ပြန်လှည့်ရင်း Gemini နဲ့အကြည့်ဆုံကာ..

"အဲ့လိုရလား"

"ရလောက်ပါတယ် Fourth အဆင်ပြေရင်ပေါ့"

သူခန္ဓာကိုယ်အနှံ့အပျော်တွေဖုံးလွှမ်းသွားသည်...အတောက်ပဆုံးအပြုံးဖြင့်..

"ကျေးဇူးပါဘဲ ဟို ဒါဆိုလိပ်စာလေး.."

"Arr... Fourth Line IDလေး..ကျတော်ပို့လိုက်မယ်"

"အော်ဟုတ် ဒီမှာပါဗျ"

ဘောင်းဘီအိပ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်ရင်း Code ပြလိုက်တော့ Gemini ဟာသူ့ဖုန်းကိုထုတ်လျက် Scanဖတ်လိုက်သည်...

"ရပြီ..ဒါဆိုကျတော်ပို့လိုက်မယ်နော်"

"ဟုတ်ကဲ့ ကျေးဇူးပါ Gemini "

ခါးလေးကိုင်းရင်းရှေ့တွင်ရပ်နေသည့်လူအားကျေးဇူးတင်လိုက်တော့ ဂုတ်ပိုးကိုပွတ်ကာ "ရပါတယ်"ဆိုသော တုံ့ပြန်မှုလေးတစ်ခု...

သူ့ကိုကျောခိုင်းပြီးနောက်ကြောင်လေးရှိရာသို့လျှောက်ကာ ခြင်းတောင်းလေးအားဆွဲမ လျက်...

"ဒါဆို ကျတော်သွားပြီနော် Fourth"

"Ka Gemini"

လက်ဖြင့်တာ့တာပြရင်းနှုတ်ဆက်တော့ ပြန်လည်နှုတ်ဆက်ကာထွက်သွားခဲ့သည့်Gemini...

ပြုံးစိပြုံးစိဖြင့်သာ Toilet ဘက်သို့ပြန်လည်ဦးတည်ခဲ့မိ၏...

............
"Ai Fourth ငါလေမင်းကိုအိမ်သာထဲအိပ်နေတယ်တောင်ထင်တာ"

မြောက်ကြွမြောက်ကြွဖြင့်လာသည့်သူ့အား Phuကမျက်စောင်းလေးတစ်ခဲခဲဖြင့်...

"Hee...ငါဗိုက်နာနေလို့ပါ..ဘာလဲ အတန်းပြီးသွားပြီလား?"

Phuဘေးခုံတွင်နေရာယူလျက်မေးခွန်းထုတ်တော့ ခေါင်းပေါ်သို့ကျရောက်လာသည့် Phuရဲ့လက်တစ်ဖက်...

"အောင်း.!နာတယ်"

နာကျင်သွားသည့်နေရာအားပွတ်လိုက်ကာနှုတ်ခမ်းဆူတော့ Phuဟာ "မသနားဘူး"ဆိုသည့်အကြည့်ဖြင့်အရှေ့သို့လှည့်သွားသည်...

Phuခေါင်းပေါ်အားပြန်လည်လက်ရွယ်လိုက်တော့...ဖျက်စီးရေးသမားကြီး English Teacherဝင်လာ၏...

Cat Lover𖠌Where stories live. Discover now