4🐈

346 52 34
                                    

"ရောက်ပြီ..."

ကားပေါ်ကဆင်းလိုက်ရင်း ဆိုင်အပြင်အဆင်လေးကိုတစ်ချက်ကြည့်မိ၏...

တော်တော်များများကိုမိုးပြာရောင်ခပ်နုနုအသုံးပြုထားပြီး...ဆိုင်းဘုတ်ကတော့ အနည်းငယ်ရင့်သည်...

အလယ်တည့်တည့်တွင်.."Cat Lover"ဟူသည့် အနီဖျော့ဖျော့ရောင်နှင့်စာတန်းလေးဟာ ပေါ်လွင်လျက်...

စိတ်ဝင်တစားဖြင့် ကြောင်ဖြူလေးအားပွေ့ချီလျက်..အတွင်းဘက်သို့ဝင်လာခဲ့သည်...

"Ohh..အပြင်အဆင်လေးကတစ်ကယ်ကိုလှတယ်"

ပါးစပ်ကတောင်ရေရွတ်မိသွားရတဲ့သူ့အဖြစ်ရယ်...ဒီဇိုင်းပြင်သည့်လူဟာ အတော်လေးကိုအမြင်ရှိပုံရသည်...

ကြောင်သီးသန့်ဆိုင်မို့သာဘဲ...

"Fourth ကျတော်တို့ လည်ပတ်အရင်သွားကြည့်ရအောင်.."

"ဟုတ်ပြီ"

Gemini နှင့်အတူ လည်ပတ်များ ချိတ်ဆွဲထားသော နေရာဆီသို့လျှောက်လာရင်း...

များစွာသော လည်ပတ်တွေထဲကမှ..ခရမ်းနက်ရောင်လေးတစ်ခုကို လက်ညိုးထိုးလိုက်ကာ..

"ဒါလေး ပတ်ကြည့်ပေး Gemini..."

"ဒါလား?"

"အင်း ဟုတ်တယ်"

Gemini ဟာ သူလက်ညိုးထိုးပြသည့်လည်ပတ်အား ဖြုတ်ယူလျက်..ကြောင်ဖြူလေး၏လည်တိုင်တွင် ပတ်ပေးလာသည်...

"Ohh..လိုက်ဖက်တယ် Fourth ကတစ်ကယ်အမြင်ရှိတာဘဲဗျ"

"ထင်လို့ပါဗျာ"

ခပ်ဟဟရီလိုက်ရင်း ပြောတော့ Gemini ဟာထုံးစံအတိုင်းသူ့ကိုပြုံးပြ၏...

"ဒါဆို..ဒါဘဲယူလိုက်ရအောင် လည်ပတ်က နာမည်ထိုးပေးတယ်ထင်တယ် ကျတော်တို့သူ့ကိုဘာပေးကြမလဲ?"

Gemini အမေးကြောင့် ခေါင်းနည်းနည်းရှုပ်သွားသည်...လက်မနဲ့လက်ညိုးကိုအသုံးပြုကာ မေးစေ့ကိုပွတ်လျက် စဉ်းစားလိုက်၏...

"ဘာပေးကြမလဲ?"

စဉ်းစားမရသည့်အဆုံးတိုင်..အရှေ့ရှိလူအား မေးငေါ့ကာမေးလိုက်တော့...

"မသိဘူးလေဗျ..."

Gemini အဖြေကြောင့် သက်ပြင်းပါချလိုက်မိ၏..ထို့နောက် စဉ်းစားရင်းနှင့်ပင် ထွက်လာသည့် နာမည်လေးတစ်ခုအား ထုတ်ပြောလိုက်သည်..

Cat Lover𖠌Where stories live. Discover now