13🐈

317 51 16
                                    

"Gemini မျက်နှာလည်းမကောင်းပါလား...တစ်ခုခုဖြစ်လို့လား ငါတို့ကိုပြောပြလို့ရတယ်လေ"

စာသင်ခန်းထဲမှာမှိုင်နေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းအား Ohmနဲ့Jimmyတို့မှာလည်း မကြည့်ရက်တော့သည်မှာအမှန်ပါ။

"အင်း ဒီလိုပါဘဲ"

ဖြေရှင်းလာတဲ့အသံကိုကမသေချာမှုတွေရောထွေးလျက်သာ...ဘယ်လိုမေးမေးမရတဲ့အဆုံးတော့ စောင့်ကြည့်နေရန်သာတတ်နိုင်တော့‌သည်။

......
တစ်ပါတ်...‌ထိုကောင်ငယ်လေးပျောက်သွားသည်မှာတစ်ပါတ်လောက်ရှိနေပြီဖြစ်သည်။ကျောင်းလဲမလာသလို သူ့ကွန်ဒိုဘက်လဲရောက်မလာခဲ့ပါ..

‌အရင်ရက်ကကျောင်းဆင်းဆင်းခြင်းသတင်းမေးဖို့အတွက် ထိုကောင်လေး၏ကွန်ဒိုအားသွားခဲ့ပြန်တော့လည်း.. Phuwin ဆီက*မသိဘူး ဟူသောအဖြေကိုသာပြန်ရခဲ့သည်သာ။

ဘာကြောင့်များလေလည်း..steffလေးကိုတစ်ရက်မှမတွေ့ရရင်မနေနိုင်ပါတဲ့ ဒီကောင်ငယ်လေးဟာ အခုတော့ steffလေးကိုတောင်လာမကြည့်တော့တဲ့အထိလား?

ဒါမှမဟုတ်ဘယ်ကိုများခရီးသွားရတာလဲ..အကယ်၍သွားတယ်ဆိုရင်တောင်သတိလေး ဘာညာ နှုတ်ဆက်စကားလောက်တော့ဆိုသွားသင့်တယ်မဟုတ်လား?

မေးခွန်းပေါင်းစုံ အတွေးပေါင်းစုံတို့ဟာစိတ်ထဲမှာရောယှက်ရင်းသာ..ကောင်ငယ်လေးပေါ်မလာတော့သည့်အချိန်ကတည်းက ‌မှိုင်ကျသွားခဲ့သည်မှာ အခုချိန်ထိပါ။

P'pond ကလည်းချင်းမိုင်ကိုပြန်သွားတာကြောင့် ကွန်ဒိုမှာသူတစ်ယောက်ထဲအထီးကျန်ရင်း...အရင်ကလိုအတိုင်းဘဲဆိုပေမဲ့ ခဏတာသာဝင်လာခဲ့ပြီး ပြန်ထွက်သွားခဲ့တဲ့ကောင်ငယ်လေးက အချိန်တိုလေးအတွင်းမှာ သူ့နှလုံးသားတစ်စုံကိုပါ အရယူသွားခဲ့ပုံပါဘဲ...

Canteen လည်းမသွား..စာအပေါ်လည်းစိတ်ဝင်စားမှုမရှိ...No.1ကျောင်းသားက ဒီလိုဖြစ်နေတယ်ဆိုတာ ကျောင်းအုပ်နဲ့ဆရာမတွေသာကြားရင် သူတို့နားတောင်သူတို့ယုံကြမည်မဟုတ်...

"ဟူး~"

ဒါပါနဲ့ဆို သက်ပြင်းချနေခဲ့ရသည်မှာ အကြိမ်ပေါင်းထောင်သောင်းနဲ့ချီနေလေပြီ..

Cat Lover𖠌Where stories live. Discover now