11🐈

348 48 4
                                    

အတော်အတန်ကြာတဲ့အထိ သူတို့နှစ်ယောက် Gemတို့မိသားစုနှင့်တရင်းတနှီးစကားတွေပြောဖြစ်ကြသည်။

သူတို့မိသားစုလေးဟာ သွေးသားမတော်စပ်ဘူးဆိုတာသိခဲ့ရပါသည်..သို့သော်လည်း ခိုင်မြဲတဲ့သံယောဇဉ်ကြိုးနှင့်အတူ နွေးထွေးတဲ့ဆက်ဆံရေးတွေက သူတို့မိသားစုကိုစည်းစည်းလုံးလုံးဖြစ်နေစေသည်ဟု ထင်မိသည်။

နေ့လယ်ခင်းအချိန်လောက်ကြတော့ Phuမာမီ၏"ဘန်ကောက်ကိုအမြန်ပြန်လာ"ဆိုသော..အမိန့်ကြောင့်သာ သူတို့ဘန်ကောက်သို့ပြန်ရောက်လာရခြင်း။

"Hey.. Fourth ငါမာမီဆီသွားတော့မယ်..."

"အွန်း ဂရုစိုက်မောင်း ကားကို"

ရောက်ရောက်ချင်းပင် အနောက်တိုင်းဝတ်စုံကောက်လဲလျက် ဆံပင်ပုံစံကိုချိန်းလိုက်သည့် Phuဟာ ဒီကနေ့လည်း သူ့မာမီ၏အလိုကျ ရုပ်သေးရုပ်လေးတစ်ရုပ်သဖွယ် နေထိုင်ရတော့မည်။

ဒါဟာသူတို့ဘဝရဲ့ပုံစံ....သူဌေးသားရယ်လို့မွေးဖွားလာကတည်းက မိဘတွေရဲ့ပုံသွင်းထားတဲ့ ပုံစံခွက်လေးထဲမှာဘဲနေရင်း...သူဌေးသားအဖြစ်ခံယူမယ် အရွယ်ရောက်ရင် မိဘတွေရဲ့အလုပ်အကိုင်ကိုသင်ကြားရမယ် အချိန်တန်ရင်အမွေဆက်ခံမယ်....မျိုးဆက်မပြတ်အောင်ထိန်းသိမ်းရမယ်။

အရာအားလုံးကသူ့စီမံရာနဲ့သူ..စီစဉ်တကျ အကွက်ချထားသလိုမျိုးပါဘဲ...ဒါတွေကိုမလိုက်နာနိုင်ခဲ့တဲ့သူ့အဖို့ရာတော့ မိဘတွေရဲ့မကြည်ဖြူခြင်းကို လက်ခံယူလိုက်သလို..

ကျောင်းသားအရွယ်မို့လွှတ်ထားပေးပေမဲ့လည်း..တစ်ဖြည်းဖြည်းကြီးလာတဲ့သူ့အသက်အရွယ်ဟာ မိဘတွေရဲ့အလိုကျရုပ်သေးရုပ်အဖြစ်နေထိုင်ဖို့ ပိုမိုနီးကပ်လာစေသလိုပါဘဲ...

သူ့အကိုဖြစ်သည့် Gun taphonကတော့ သူနဲ့ရုပ်ချင်းကခွဲမရအောင်ဆင်နေပေမဲ့လည်း......မာမီနဲ့ဒယ်ဒီတို့ရဲ့အချစ်ခံလေးပေါ့...ဒါဟာလည်း သူ့လိုမျိုးဆိုးသွမ်းတဲ့လူမဟုတ်ဘဲ မိဘတွေချမှတ်ထားတဲ့ပုံစံခွက်ထဲမှာနေထိုင်ခဲ့လို့သာ ဂရုစိုက်ခြင်းကိုခံနေခဲ့ရတာပါ...ဥပမာ ပြောရရင် သူ့အကိုက အခုသူ့သူငယ်ချင်း Phuလိုမျိုး စကားနားထောင်တဲ့သားလိမ္မာ တပည့်လိမ္မာလေးတစ်ယောက်ပေါ့...

Cat Lover𖠌Όπου ζουν οι ιστορίες. Ανακάλυψε τώρα