17🐈

357 36 4
                                    

......𖧷..........

"ဘာပြောမို့လဲ မြန်မြန်ပြော ငါပြန်သွားရမယ်"

ရှေ့တွင်ရှိနေသည့်လူအားအလျင်စလိုပုံစံမျိုးဖြင့်ပြောလိုက်တော့ မျက်ခုံးနှစ်ဖက်ဟာတွန့်ချိုးလျက်..

"နေစမ်းပါအုန်း ဘယ်သူမို့လို့အဲ့လောက်ထိအဖြစ်သည်းနေရတာလဲ Norawit"

Satang၏အ‌မေးကိုစိတ်မရှည်စွာ သက်ပြင်းချလိုက်ရင်း..

"P' စပ်စုလိုက်တာ!"

သူ့ရဲ့တုံ့ပြန်မှုကြောင့်နင်သွားဟန်ရှိသည့် Satang ဟာလက်သီးဆုပ်ကို ထောင်ပြလာ၏...

"အောင်း! မဟုတ်ပါဘူး တော်တော်ကိုအဖြစ်သည်းနေလို့မေးတာ ရည်းစားလား ဟမ်ဟမ်"

မေးစေ့ကိုလက်ညိုးဖြင့်တို့နေသော Satang ၏လက်အားဖယ်ချကာ လက်ခလယ်ထောင်ပြလိုက်ရင်း..

"P'က‌လေ ဘာတွေလာပြောနေတာလဲ သွားသွား ဂိုး အာရုံနောက်တယ် "

ပြုံးစိစိမျက်နှာပေးနှင့်စီနီယာအားဘေးဘက်သို့တွန်းထုတ်လိုက်ကာ အခန်းအတွင်းသို့ပြန်ဝင်လာခဲ့၏..

ကျန်ခဲ့တဲ့လူရယ်မှာတော့ အပြုံးတွေဖြင့်ဝေဆာလို့သာ..

"Norawit Norawit အချစ်နဲ့တွေ့တော့ စီနီယာနဲ့စစ်ခင်းတာပေါ့ကွာ သိလိုက်ပါပြီ!"

ခပ်ပြုံးပြုံးဖြင့်သာရေရွတ်ရင်း လှေကားထစ်အတိုင်းဆင်းလာခဲ့သည်...သူ့အလုပ်ပြီးပြီ!

...
"Gem"

အခန်းထဲရောက်တာနှင့်ပင် ခပ်တိုးတိုးထွက်ပေါ်လာတဲ့ခေါ်သံလေးက သူ့အားတစ်ခဏအတွင်းFourthဘေးသို့ရောက်စေနိုင်လောက်သည်အထိ ဆွဲငင်အာပြင်းလွန်းသည်။

"ဘာလိုလို့လဲ Fourth ငါ့ကိုပြောလေ ငါရှိတယ်"

သူ့လက်များကိုခပ်ဖွဖွဆုပ်ကိုင်လျက် နူးညံ့စွာဆိုလာ‌သော Gem...

"ငါ့အတွက်ဒီလောက်နဲ့တင်တော်တော်ကျေးဇူးတင်နေရပါပြီ Gem မင်းကိုငါကျေးဇူးတင်ပါတယ်နော်"

Gemမျက်နှာကိုမော့ကြည့်မိလိုက်သည့်အချိန်မှာ သူ့ရင်တွေဟာအတိုင်းအဆမရှိခုန်ပေါက်လာရသည်။

အသံကြားရုံနဲ့တင်ရင်ခုန်နေခဲ့သည့်သူ့နှဝလုံးသားဟာ Gem ရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့မျက်ဝန်းတစ်စုံအောက်မှာ သူဟာဒူးထောက်ခဲ့ပြီ...

Cat Lover𖠌Where stories live. Discover now