9🐈

309 42 2
                                    

"Gem"

ခပ်တိုးတိုးကြားလိုက်ရသည့်အသံကြောင့်အခန်းတံခါးဝဘက်ကိုမျက်နှာမူမိသည်..

"ဘာလုပ်နေတာလဲ Fourth ဝင်လာခဲ့လေ.."

‌ရုပ်ထုလိုမျိုးရပ်တန့်နေတဲ့ကောင်ငယ်လေးအားလက်ယက်ခေါ်တော့‌ဖြည်းညင်းစွာ တစ်လှမ်းချင်းလျှောက်ဝင်လာလျက်...

"တစ်ခုခုများကျန်နေခဲ့လို့လား Fourth"

‌တစ်စုံတစ်ရာကိုတွေးတောနေဟန်ပေါက်တာကြောင့်...မေးမိလေတော့

"ဟုတ်တယ် Gemကျတော်တို့ကားထဲမှာတစ်ခုခုများကျန်ခဲ့လေသလားလို့..."

Fourth ဆီကစကားသံဟာသူ့အဖို့တွင်လည်း စဉ်းစားစရာတစ်ခုအပိုရလိုက်သလို...

နှစ်ယောက်သားစဉ်းစားနေရင်းမှ..တိုက်ဆိုင်စွာသတိရမိသွားခဲ့သော ပုံရိပ်လေးတစ်ခု..

"ကားထဲမှာ Steffကျန်နေခဲ့တာဘဲ!"

"ကားထဲမှာ Steff လေးကျန်နေတာဗျ!"

သူ့ကိုကျောခိုင်းရင်း..ခပ်သုတ်သုတ်ပြေးဆင်းသွားခဲ့လေသော Fourth နောက်သို့ ပြေးလိုက်လျက်သာ..

.....
"Ohh..ပါးပါး steffလေးရယ် ပါးပါးတောင်းပန်ပါတယ်နော် မေ့သွားတာပါအချစ်ရဲ့"

ကားနောက်ခန်းထဲတွင်တစ်ညောင်ညောင်အော်နေသည့် steffလေးအားကောက်ချီရင်းပင် Fourth ကစကားဆိုသည်...

ထိုကောင်လေး၏စကားကိုနားလည်သလိုမျိုး..Steffလေးဆီကလည်း အသံပြုခြင်းကိုရရှိသည်...

"သွားရအောင်လေ Gem"

မြင်ကွင်းလှလှကိုငေးကြည့်နေခဲ့သည့်သူ့ရှေ့သို့ လက်သွယ်သွယ်တစ်စုံဟာဝှေ့ရမ်းလာလျက်...

"အင်း သွားမယ်လေ Fourth"

ကောင်ငယ်လေးလက်ထဲမှ steffလေးအားလွှဲပြောင်းယူလိုက်ရင်း...ကောင်ငယ်လေးနှင့်စကားစမြည်ပြောရင်းသာ အိပ်ခန်းဆီသို့ဦးတည်လာခဲ့၏....

....
"Fourth အဆင်ပြေသလိုနေနော်..ကျတော်ရေချိုးခန်းဝင်လိုက်အုန်းမယ်"

Sofaပေါ်တွင် steffနှင့်ဆော့ကစားနေသောFourthအားပြောလေတော့...နေကြာအပြုံးလေးဟာပေါ်ထွက်လာရင်း..

Cat Lover𖠌जहाँ कहानियाँ रहती हैं। अभी खोजें