3🐈

380 61 28
                                    

'Ting..Tong!'

ကြောင်ဖြူလေးနှင့်ဆော့ကစားနေရင်း တံခါးဝမှထွက်ပေါ်လာသည့် ဘဲလ်တီးသံကြောင့် ထကာ ဖွင့်လိုက်၏..

"ohh.. fourth ရောက်လာပြီလား လာလေ"

အပြုံးဖြင့်ကြိုဆိုလေသော Gemini အား ပြုံးကာခေါင်းငြိမ့်ပြလျက်....Gemini ဦးဆောင်ရာနောက်မှလိုက်ခဲ့သည်...

"ဟေး...ဖြူဖြူလေး"

ကြောင်လေးအားတွေ့သည့်အခါ..မနေနိုင်စွာပင် အသည်းတယားဖြင့် ပွတ်ပေးလိုက်၏...

"ခနနော် Fourth ကျတော်သောက်စရာလေးသွားယူလိုက်မယ်"

"Ka Gemini "

ခေါင်းငြိမ့်ပြကာဆိုလိုက်ပြီးနောက်...ကြမ်းပြင်‌ပေါ်ထိုင်ချကာ ဖြူဖွေးစွတ်နေသည့်ကြောင်လေးအား ပေါင်ပေါ်သို့တင်လျက်...

"ဖြူလုံးလေး...အွီး! အသည်းယားစရာလေး!!"

ချစ်စရာအမွှေးပွကြောင်ဖြူလေးကို ငုံ့နမ်းလိုက်...‌အမွှေးပွပွလေးတွေကိုပွတ်သပ်ပေးလိုက်ဖြင့်..အတော်ပျော်နေသည်...

"Fourth ရော့"

"ကျေး...အယ်"

မကြည့်ဘဲလှမ်းယူလိုက်ပြီးမှ လက်ထဲရောက်တော့ အကြည့်ရောက်မိသည့်အခါ...

Coca-cola???

"Gemini အားနာပေမဲ့လေ ကျတော်က Gasပါတဲ့ အချိုရည်တွေမကြိုက်ဘူးဗျ"

ဂုတ်ပိုးကိုပွတ်ကာ ပြန်လည်ကမ်းပေးလိုက်တော့ Geminiဟာအူကြောင်ကြောင်မျက်လုံးလေးများဖြင့် ပြန်ယူရင်း...

"အော်..ဟုတ်လား ကျတော်မသိလို့နော် ခဏလေး ကျတော် Lactasoy ယူပေးမယ်"

မျက်လုံးများမှိတ်သည်အထိပြုံးပြသွားလျက်...မီးဖိုခန်းဟုထင်ရသည့်အခန်းထဲသို့ပြန်ဝင်သွားသည့် Gemini...

"ဖြူလုံးလေးရေ ငါတော့ လာလာချင်းဘဲ အိမ်ရှင်ကိုအလုပ်ရှုပ်နေမိပြီဟေ့"

ခပ်တိုးတိုးရီလိုက်ရင်းသာ ကြောင်ဖြူလေးအားပြောတော့...ဖြူလုံးလေးဟာသူ့ကိုချွဲလာသည်...

"တစ်ခုခုဖြစ်လို့လား ဖြူလုံးလေး...ဗိုက်ဆာလို့လား?"

အသံတိုးတိုးဖြင့်မေးကြည့်တော့ တညောင်ညောင်ဖြင့် ပြောလာ၏...

Cat Lover𖠌Where stories live. Discover now