5🐈

328 48 20
                                    

6:00 p.m.

အိပ်မောကျနေသည့် steffလေးအား ခုတင်ပေါ်သို့တင်လျက်...

လက်တွင်ချိတ်လာသော ပစ္စည်းထုပ်အားလက်မှဖြုတ်ရင်း...အရာထင်သွားသော လက်ကောက်ဝတ်အား ခပ်ဖြည်းဖြည်းပွတ်လိုက်၏...

"နာလိုက်တာ..."

အိတ်ထဲတွင်ရှိနေသည့် steffလေး၏ ပစ္စည်းပစ္စယများ ထုတ်ယူလိုက်ပြီးနောက်...နေရာတကျစီစဉ်လိုက်သည်...

တပ်ဆင်ရမည့် ကြောင်အိမ်လေးကို တပ်ဆင်ဖို့ရန်အတွက်...လိုအပ်သည့် ပစ္စည်းများအား ထယူရန်ပြင်နေစဉ်..

'Ting Toung.!"

တံခါးဝမှထွက်လာသော ဘဲလ်တီးသံကြောင့်...

"ဘယ်သူလဲဟ?"

ရေရွတ်ရင်းနှင့်သာ တံခါးဝနားသို့လျှောက်သွားလျက်..တံခါးဖွင့်လိုက်သည်..

"P'pond"

ရုတ်တရက်ဆန်ဆန်မြင်တွေ့လိုက်ရတဲ့..အကိုဖြစ်သူကြောင့် ပါးစပ်အဟောင်းသားဖြင့်သာ..

"ဘာဖြစ်နေတာတုန်း မမြင်ဖူးတာကျနေရော"

P'pond၏ စကားသံအဆုံး..လွှင့်ထွက်သွားသောအသိစိတ်တို့အား..ပြန်စုစည်းကာ..

"အောင်း...ပျောက်နေတာဖြင့် ၆နှစ်လောက်ရှိနေပြီ...အခုမှပေါ်လာပြီးတော့ လူကိုမမြင်ဖူးဘူးလေး ဘာလေးနဲ့!"

သူ့ပုံစံလေးအတိုင်း နှုတ်ခမ်းတစ်ထော်ထော်ဖြင့်‌ပြောလာ‌သည့် ညီဖြစ်သူအား Pond အသည်းမယားဘူးဆိုလျှင် လိမ်ရာကျနေလိမ့်မည်...

"အဲ့တော့..ငါ့ကိုမလွမ်းနေဘူးပေါ့"

"သတိတော့ရတယ်"

ပြောဆိုရင်းပင် ဖက်တွယ်လာသည့် Gemini ကြောင့် ခပ်ပြုံးပြုံးဖြင့်သာ ပြန်လည်ဖက်တွယ်လိုက်ရင်း...

...
"ပြောတော်မူပါအုန်း ဂျပန်သားလေးရဲ့ ဟိုမှာဘာဖြစ်လို့တုန်း.."

ကွန်ဒိုတစ်ခုလုံး လှည့်ပတ်ကြည့်နေသည့် P'pond အား မေးလေတော့...

"အင်း ဘာမှမဖြစ်ဘူး မင်းနဲ့မာမီ့ကိုလွမ်းလို့ပြန်လာတာ.."

သူ့ကိုဖြေဆိုကာ sofaပေါ်တွင် ထိုင်လိုက်သောအကိုဖြစ်သူဘေးနားသို့ ဝင်လိုက်ရင်း...

Cat Lover𖠌Where stories live. Discover now