14🐈

314 45 7
                                    

"Steff...Steffလေးရေ!!"

ချင်းမိုင်ကိုပြန်ဖို့အတွက်အဝတ်အစားယူရန် ကွန်ဒိုဘက်သို့အမြန်ပြန်လာခဲ့၏...အားလုံးသိမ်းပြီးကာမှ ပျောက်ချက်ကောင်းနေတဲ့ steffကြောင့်အချိန်ဟာမကြာသင့်ဘဲကြာနေရသည်လေ။

"Meow.."

ရုတ်တရက် ရေချိုးခန်းထဲမှကြားလိုက်ရသည့်အသံကြောင့် ပြေးဝင်ကြည့်မိတော့ steffတစ်ကောင် ရေတွေစိုရွှဲရင်း...

"Ohh..အဖြူကောင် မင်းကတော့လေ ဘာလုပ်နေတာလဲရေတွေနဲ့ ဟူး!"

ဘေစင်ပေါ်တွင်တက်နေနေသည့်steffအား‌အနားတွင်တင်ထားသောတဘက်တစ်ထည်ဖြင့်စင်အောင်သုတ်ပေးလိုက်၏...ရေတွေအတင်းခါထုတ်နေလေသော ကြောင်ဖြူလေးအား အော်လိုက်ကာမှငြိမ်ကျသွားလေတော့သည်။

"မင်းကြောင့်အကုန်နောက်ကျကုန်ပြီ သိလား! မင်းပါးပါးကိုသွားတွေ့ရမယ် လာခဲ့"

မှုန်ကုတ်ကုတ်မျက်နှာကြီးလုပ်နေတဲ့ပုံစံကိုက အလိုမကျတဲ့အခါထွက်ပေါ်လာတဲ့သူ့ပါးပါးFourthနဲ့တစ်ထေရာတည်းတူညီလျက်...

.....
အဝတ်အစားအနည်းငယ်နှင့် အသုံးအဆောင်ပစ္စည်းအချို့ထည့်ထားသောလွယ်အိတ်အားကောက်လွယ်ရင်းsteffကိုပိုက်ကာ ဓာတ်လှေကားဆီသို့အလျင်အမြန်လျှောက်လာခဲ့သည်...

.......
Car parking ကိုရောက်လာတာနှင့်တစ်ပြိုင်နက် မာမီဝယ်ပေးထားသောနောက်ဆုံးပေါ်ကားအနက်ရောင်ဆီသို့တစ်ရှိန်ထိုးပြေးချသွားလိုက်၏...

စူပုတ်ပုတ်ဖြစ်ဆဲ steffအားဘေးနားတွင်တင်လိုက်ရင်း driver seat တွင်ဝင်ထိုင်လျက်သာ...

"စူပုတ်မနေနဲ့steff မကြာခင်ပါးပါးကိုတွေ့ရတော့မှာ ပြုံးထား"

ဘာမှပြန်မပြော‌နိုင်ပေမဲ့လဲ အမူအရာအလိုက်ပြောင်းလဲပေးတဲ့ steffလေးဟာ သူတို့နဲ့အမြဲအချိတ်အဆက်မိလျက်ပါဘဲ...

Steffကိုပြောပြီးတာနှင့်ပင် ကားသော့ဖွင့်လျက်...အချစ်ရှိရာချင်းမိုင်ဆီသို့ဦးတည်လာခဲ့ရင်း...

...............................
P'pond ပြောခဲ့သောလိပ်စာဆီသို့ရောက်လာခဲ့ပြီ...

ဆေးရုံဝင်းအတွင်း car parking ထိုးလိုက်ကာ...တိရစ္ဆာန်များခေါ်မရခြင်းကြောင့် steffအားကား‌ေပါ်သာထားခဲ့လျက်..ဆေးရုံအတွင်းသို့ဝင်လာခဲ့၏..

Cat Lover𖠌Where stories live. Discover now