8🐈

335 54 4
                                    

"ဒီယာဉ်တိုက်မှုကပိုင်ရှင်နှစ်ဖက်စလုံး...စည်းကမ်းမလိုက်နာမှုကြောင့်ဖြစ်ရတာပါ...အကယ်၍နှစ်ဦးနှစ်ဖက်အဆင်ပြေရင်တော့ပြဿနာကပြေလည်သွားပါလိမ့်မယ်"

"ဘာကြီး ပြေလည်ရမယ်ဟုတ်လား.!ဒီကောင်ကကျတော့်ကိုဝင်တိုက်တာလေ"

Pondမခံနိုင်စွာထိုင်နေရာမှ..မတ်တပ်ထလျက် Phuwin အားလက်ညိုးထိုးကာပြောတော့...

"ခင်များကလည်းရှေ့ကြည့်မောင်းလေ...ဖုန်းပြောနေပြီးတော့များ..ခင်များလွန်တာ!"

သူ့ကိုလက်ညိုးထိုးလာလေတော့ Phuwin ဒေါသမထိန်းနိုင်... Fourthနှင့်Geminiထိန်းနေသည့်ကြားမှပင်..ချင်းမိုင်၏ရဲစခန်းမှူးရှေ့တွင် ရန်ဖြစ်နေကြလေသည်..

"နေကြပါအုန်းဗျ...ဒီလိုသာဆက်ဖြစ်နေရင် ခင်များတို့တွေ တရားရုံးတက်ရလိမ့်မယ်.."

စခန်းမှူးရဲ့စကားသံအဆုံး...

"ဗျာ..တရားရုံး!"
"ဗျာ..တရားရုံး!"

သံပြိုင်ထွက်လာသည့်စကားလုံးတွေနှင့်အတူ ငြိမ်ကျသွားခဲ့ရသည်က..ကားပိုင်ရှင်နှစ်ယောက်သာ..

"ဒါဆို...ကျတော်တို့ဒီမှာဘဲကျေအေးလိုက်ပါတော့မယ် ကျေးဇူးတင်ပါတယ်စခန်းမှူးခမျ.."

ခါးကိုကိုင်းကာ Fourth ကဆိုတော့Geminiမှာလည်းအယောင်ယောင်အမှားမှားဖြင့် လိုက်လုပ်မိလျက်သား...

"ဒါဆိုရင်...ကာယကံရှင်တွေကဒီမှာလက်မှတ်ထိုးပေးပါဗျ"

လက်မှတ်မထိုးဘဲ..အကြောတင်းကာအကြည့်ချင်းစစ်ထိုးနေကြသည့် နှစ်ယောက်အား..အတင်းကာရောပင်လက်မှတ်ထိုးခိုင်းခဲ့ရသည်...

......
"သိလား...တစ်ခါမှရဲစခန်းကိုဝင်ဖို့မပြောနဲ့ အရိပ်တောင်နင်းခဲ့ဖူးတာမဟုတ်ဘူး"

ကားမောင်းလျက်ဆိုလာသောGeminiစကားကိုFourthကထောက်ခံသည့်သဘောမျိုးဖြင့်...လက်မထောင်ပြရင်း...

"ငါလဲမနင်းဖူးပါဘူး..ဒီလူနဲ့ကျမှဘဲ ရောက်တော့တာ"

မျက်စောင်းထိုးကာပြောသည့်Phuwinကိုpondမှာတော့ ဘုရှိုးရှိုးလျက်...

"အောင်မာ..ငါကကောရောက်ဖူးတယ်များထင်နေတာလား အဲ့တာမင်းကြောင့်ဘဲ"

Cat Lover𖠌Where stories live. Discover now