7🐈

344 53 1
                                    

ဟိုင်းဝေးလမ်းမကြီးရဲ့လမ်းဘေးတစ်နေရာ...

ပိန်သွားတဲ့ကားခေါင်းတွေကိုကြည့်ရင်း..စိတ်ပျက်လက်ပျက်ထိုင်ချနေကြသူများမှာ..ကားပိုင်ရှင်နှစ်ယောက်သာ...

ဝပ်ရှော့ဆရာကိုဆက်နေကြပြန်တော့လဲ..မမိတဲ့ဖုန်းလိုင်းကြောင့်...စိတ်တော်တော်ပျက်သွားကြသည်မှာအမှန်...

"အဲ့တာခများကြောင့်ဗျ!"

ကားအဖြူပိုင်ရှင်ဆီမှထွက်လာတဲ့စကား‌သံကြောင့်...ပါးစပ်အဟောင်းသားဖြင့်ရယ်..

"ဘာ..မင်းအရင်ဝင်တိုက်တာလေ"

"ဟ..ခင်များသာ ဖုန်းပြောရင်းကားမောင်းနေတာ ခများစည်းကမ်းဖောက်တာပေါ့!"

"အေး အဲ့လိုဆို ‌လမ်းပြောင်းပြန်ကြီးမောင်းချလာတဲ့မင်းကကော?"

"ဟူး!"

တစ်ပြိုင်ထဲထွက်လာတဲ့..သက်ပြင်းချသံနှင့်အတူ..ငြင်းခုံသံတို့ဟာ ပျောက်ကွယ်လျက်..

......

မနက်8:40လောက်တော့ရှိမည်ထင်ပါသည်... Gemini ဆီမှထွက်လာရင်း ချင်းမိုင်မှာရှိနေသည့်..မာမီတို့ဆီသို့ ‌လာ၏..

တစ်လမ်းလုံးမောင်းလာတာအကာင်းကြီးရယ်...ဆက်သွယ်လာတဲ့..မာမီဆီကဖုန်းကြောင့် ကိုင်လိုက်သည်...

သို့သော်..လိုင်းဟာမမိတာကြောင့်..တစ်ဖက်ကမာမီ့အသံက်ုသဲသဲကွဲကွဲမကြားရချေ..
နောက်မှပြန်ဆက်လိုက်မည်ဟုဆိုလျက်...ဖုန်းချမလို့လုပ်စဉ်..

ရုတ်တရက်လမ်းပြောင်းပြန်ကိုအရှိန်နဲ့မောင်းချလာတဲ့...အဖြူရောင်ကားတစ်စီးဟာ..သူ့ရှေ့တည့်တည့်ကို ဒုန်းခနဲ...

"ဒုန်း!!"

ကျယ်လောင်စွာထွက်ပေါ်လာတဲ့အသံကြီးကာ..ဟိုင်းဝေးလမ်းမတစ်လျှောက်ဟိန်းထွက်သွား၏...

ခေါင်းပေါက်သွားတာကိုအာရုံမရ...အသစ်စက်စက်ဂျပန်ကဝယ်ချလာသည့်ကားလေးက...ထိုင်းရောက်လေမှ ယာဉ်တိုက်မှုနဲ့ပျက်စီးရတော့သည်...

"Cheers..!ငါ့ရဲ့အခုမှဝယ်လာတဲ့ကားလေး"

တစ်ဖက်ကထွက်ပေါ်လာတဲ့ကားဖြူပိုင်ရှင်ရဲ့အသံကြောင့် ကြောင်သွားမိသည်...

Cat Lover𖠌Where stories live. Discover now