18🐈

323 38 6
                                    

"Gem...Gem"

မှောင်မဲနေသည့်တောအုပ်အလယ်တွင်တစ်ယောက်တည်းရပ်ရင်း Gem ကိုသာအော်ခေါ်နေမိသည်...

ရုတ်တရက်...ကြောက်လန့်စရာစူးစူးဝါးဝါးအော်ငိုသံကြီးဟာနားထဲသို့ဝင်ရောက်လာ၏..

"Arr!!!"

နားနှစ်ဖက်ကိုပိတ်ပစ်လိုက်ရင်းသူပါအလိုလိုငိုမိသည်..

မျက်စိရှေ့သို့ကျောပြင်ကျယ်တစ်ခုဟာပေါ်လာသည်..အားယူထရင်းပြေးကာဖက်လိုက်တော့...ထိုလူဟာသူ့ဘက်သို့လှည့်လာရင်း..

"ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ Fourth"

စကားတစ်ခွန်းပြောလျက် ထိုလူဟာမြူထုထဲ၌ပျောက်ကွယ်ကာသွားခဲ့သည်။

"Gem..Gemmm!!!!!"

"Fourth ဘာဖြစ်တာလဲ ထအုန်း Fourth!!"

ခန္ဓာကိုယ်ကိုလှုပ်နှိုးမှုကြောင့်အိမ်မက်မှလန့်နိုးလာခဲ့သည်။

ဘေးနားကနာရီကိုလှမ်းကြည့်မိတော့ ည၁၂:၀၀တောင်ရောက်လို့နေချေပြီ...

"ဘာဖြစ်တာလဲ အိမ်မက်ဆိုးမက်လို့လား Fourth"

တစ်ဖက်မှာရှိနေတဲ့ Gemဟာသူ့ပုခုံးကိုဆုပ်ကိုင်ရင်း ထွက်နေသောချွေးတွေကိုသုတ်ပေးလျက် မေးလာ၏..

Gemမျက်နှာကိုမြင်လိုက်ရတဲ့အခါသူ့မျက်လုံးထဲမှာ Gemကလွဲရင်ကျန်တာကိုမမြင်တော့...

"Gem!"

မျက်ရည်စများဖြင့်သူ့အားဖက်တွယ်လာသည့်ကလေးငယ်ဟာအိမ်မက်ဆိုးတွေမက်ခဲ့ပုံပင်...ကျောပြင်လေးအားခပ်ဖွဖွပုတ်ပေးရင်းသာချော့မြူလိုက်သည်..

"ဘာဖြစ်လို့တုန်း Fourth ရဲ့ အိမ်မက်ထဲငါဘာဖြစ်လို့လဲ"

ပုခုံးပေါ်မှီထားသည့်ကလေးငယ်အားခွာရင်းမျက်နှာလေးကိုလက်ဖြင့်အုပ်ကိုင်ကာမေးတော့မျက်ရည်လေးများဖြင့်ခေါင်းသာတစ်သွင်သွင်ခါလျက်..

"ငါ..ငါမသိဘူးGem မင်းကငါ့အနားကနေရုတ်တရက်ကြီးပျောက်ကွယ်သွားတာ"

"ဟောဗျာ..ဟုတ်ပါပြီအခုငါကမင်းရှေ့မှာရှိနေတယ်လေနော် မငိုပါနဲ့ကွာ"

မျက်ရည်လေးစမ်း"စမ်း"ဖြင့်မဲ့နေရှာတဲ့ဒီကလေးဟာ အိမ်မက်ထဲမှာသူပျောက်သွားတာကိုတောင်အတော်လန့်သတဲ့..

Cat Lover𖠌Where stories live. Discover now