19🐈

412 38 2
                                    

"ဒါကဘယ်လိုတောင်ဖြစ်နေကြတာလဲ?"

Gemini တစ်ယောက်အံ့ဩဆွံ့အစွာဖြင့်သာကြည့်နေမိသည်...ရန်ဖြစ်ရင်းတွေ့ခဲ့တဲ့လူနှစ်ဦးကဘာကြောင့်ရယ်များဖက်အိပ်တဲ့အထိဖြစ်ကုန်ကြတာလဲ* အတွေးပေါင်းစုံက‌တော့ခေါင်းထဲချာချာလည်လျက်သာ...

ဖုန်းကိုခပ်မြန်မြန်ထုတ်လိုက်ရင်း မြင်တွေ့နေရသည့်မြင်ကွင်းလေးအားဓာတ်ပုံအချို့ရိုက်ယူလိုက်သည်...

ခိုးရီလိုက်ကာဖုန်းကိုအိတ်ကပ်ထဲထည့်လျက်...

"P' ထတော့ဗျ"

"ဟင်!"

မျက်စိတွေကိုပွတ်သတ်ရင်း p'pond ဟာနိုးထလာသည်...

"Nora?"

"အင်း ကျတော်ဘဲ phuwinကိုခေါ် မျက်နှာသစ်ပြီးရင်ဆင်းလာခဲ့ကြ မာမီတို့စောင့်နေတယ်"

ဘေးနားတွင်အိပ်မောကျနေသော Phuwin အားမျက်စပစ်ပြရင်းထွက်သွားခဲ့သည့် Gemini ကမူမမှန်နေတာတော့ ကျိန်းသေပင်...

*သူကဘာကိစ္စရီသွားတာလဲ ငါမျက်နှာတစ်ခုခုပေနေလို့လား*

ကျန်ခဲ့တဲ့ Pond ခမျာတော့phuwinကိုကြည့်လိုက်သူ့ကိုယ်သူပြန်စမ်းလိုက်နဲ့အတွေးတွေများနေပေမဲ့ ထွက်လာတဲ့သူ့ညီမှာတော့ ရိုက်ထားသည့်ပုံလေးအားကြည့်ရင်း အပြုံးပန်းတွေဝေဆာလို့ရယ်သာ...

ကြိတ်ပြုံးပြုံးနေတဲ့ Gemini တစ်ယောက် ထမင်းစားခန်းထဲမှရီမောသံပိစိလေးကြားလိုက်ရတဲ့အခါ ခြေလှမ်းတွေဟာအလိုလိုမြန်ဆန်သွားခဲ့သည်...

ထမင်းစားခန်းထဲမှာ သူ့မိဘတွေနဲ့အတူရီမောပြော‌ဆိုနေတဲ့ကောင်ငယ်လေးဟာအလွန်တရာမှချစ်ဖို့ကောင်းလွန်းပါသည်...လှပလွန်းတဲ့ခပ်ချိုချိုအပြုံးပန်းလေးတွေက နေရောင်ရတဲ့အခါနေကြာတွေပွင့်သလို ပေါ်ထွက်လာတဲ့အလှတရားလေးလိုပါဘဲ...

"Ohh..Hoo မာမီတို့က Fourthနဲ့စကားဝိုင်းကျနေကြတယ်ပေါ့!"

မိဘများကိုစကားစရင်း ကောင်ငယ်လေးအနားဝင်ထိုင်လိုက်သည်။

"သား ဒီဘက်မှာထိုင်လဲရပါတယ်နော်"

မာမီကသူ့ကိုကြည့်ရင်းအတည်ပေါက်ကြီးပြောလိုက်သည်မို့ သူ့မှာစိတ်မကောင်းခြင်းများစွာဖြင့်ရွှေ့မည်အလုပ်...

Cat Lover𖠌Where stories live. Discover now