💙တောင်ပြာတန်းက မောင့်သည်းညှာ 💙

3.7K 130 5
                                    

💙  တောင်ပြာတန်းက မောင့်သဲညှာ  💙

🖇️ One Short 🖇️           🍁YiZhan 🍁

"လွမ်းလိုက်တာ မောင်ရယ် "

တစုံတယောက်ကတော့ တနယ်ခြားမှာ တာ၀န်ထမ်းဆောင်နေတဲ့ မောင့်ကို လွမ်းနေကြောင်း မနက်စောစောမှာ ကြွေဆင်းနေတဲ့ နှင်းဖြူဖြူလေးတွေကို ကြည့်ရင်း ခပ်တိုးတိုးလေး ရေရွတ်မိသည်

ဟို အရင်အချိန်တွေမှာဆို ဒီလမ်းလေးကို မောင်နဲ့အတူ လျှောက်နေကြ  ခန့်ညားပြီး တည်ငြိမ်လွန်းနဲ့ မောင်နဲ့ လမ်းလျှောက်ရတာ နဲနဲတော့ ပျင်းစရာကောင်းပေမဲ့ မောင်နဲ့ မို့ ပျော်ပါသည်။

တောင်ပေါ်အရပ်ဒေသ ဖြစ်တာကြောင့်  အလွန်ကို အေးသည် ။ ဒီလို အချိန်ဆို နွေးထွေးလွန်းတဲ့ မောင့်ရင်ခွင်ကျယ်ကြီးကို ပိုလွမ်းပါသည် ။ မောင်က နိုင်ငံ့ စစ်သားကောင်းမို့ တာ၀န်ကို ကျေပွန်အောင် ထမ်းဆောင်နေတဲ့ လူတယောက်ကို သူမတားချင်ပါ။ ဘာလို့လဲဆို သူကိုယ်တိုင်လည်း စေတနာ့ ဆရာ၀န်တယောက် ဖြစ်နေလို့လေ ။ ဒါကြောင့်  မောင့်ကို တခြား အရပ်ဆီမှာ တာ၀န်ထန်းဆောင်ဖို့ ခွင့်ပြုပေးလိုက်သည် ။ မောင်သွားတာ 5 လကျော်ပြီပေါ့။

သူအတွေး လွန်နေတုန်း လက်ထဲက တတီတီမြည်လို့ တုန်ခါလာတဲ့ ဖုန်းလေး ၊ မျှော်နေခဲ့တာလေ မောင်ရယ် ...

" မောင် "

"မောင့်အသက်လေး နေကောင်းပါရဲ့လားဗျာ မောင်အရမ်းလွမ်းနေတာ "

အော် မောင်ရယ် ကျနော်က ပိုခဲ့မယ်ဆိုရင် မောင်ယုံမှာလားဟင်


"ကျနော်လည်း အရမ်းလွမ်းနေတာပါ မောင်ရယ် မောင် ထိခိုက်မိတာ ရှိသေးလားဟင်"

"မောင် အဆင်ပြေပါတယ် အသက်လေးရယ် စိတ်မပူနဲ့နော်  မောင်အချိန်ရတာနဲ့ ဖုန်းဆက်ပါမယ် "

"မောင် "

":တခုခု ပြောချင်လို့လားအသက် ဘာလို့ မဝံ့ မရဲဖြစ်နေတာလဲ "

အလောက် အကဲခတ်တော်တဲ့ မောင်က ကျနော် ဘာပြောချင်နေတာလဲ မသိဘူးလား မောင့်ကို ပြန်လာစေချင်နေတာလေ ။

"မောင့်ကို ချစ်တယ်လို့ "

":မောင်ကလည်း အရမ်းချစ်ပါတယ် မောင့်ဆရာ၀န်လေးရယ် ပြောပါအုံး လူနာတွေ အရမ်းများနေလား "

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now