I Don't even Know his name

346 36 1
                                    

💢𝕀 𝔻𝕠𝕟'𝕥 𝓔𝓥𝓮𝓷 𝙺𝚗𝚘𝚠 ʰⁱˢ 𝖓𝖆𝖒𝖊 💢

One Short  { YiZhan }

" ရှောင်ကျန့် ခင်ဗျား မတော်နိုင်သေးဘူးလား ! "

မနက်မိုးလင်းကတည်းက ဓာတ်ခဲထည့်ထားတဲ့ စက်ရုပ်လို လူအနားထိုင်ပြီး စကားတရစပ်ပြောနေသူကို  ရိပေါ်ကိုင်ပေါက်ချင်နေပြီလည်း ဖြစ်သည် ။ မနေ့က အလုပ်ရှုပ်သွားလို့ ဆေးရုံအပြန် သွားမကြိုပေးဖြစ်တာကို ညထဲက ပြောနေတာ မပြီးမစီးနိုင် ။ မနက်ရောက်တော့လည်း ကျီးကန်းမနိုးခင်အချိန်ကတည်းက ထပြောနေ၏  ။ ရေချိုးခန်းထဲဝင်တော့လည်း ရေချိုးခန်းတံခါးနားမှ ရပ်ပြောနေသေးသည် ။ ရှောင်ကျန်တို့များ ဆရာဝန်မလုပ်ရဘူး ရှေ့နေလုပ်ရမှာ ။

" ကိုကို ခင်ဗျား ငါ့ကို ဘယ်လိုခေါ်လိုက်တယ် "

အော် လူက စိတ်မရှည်ဖြစ်နေပါတယ်ဆို နာမည်ဘဲ ခေါ်မိတော့မှာပေါ့ ။ အဲ့တာကလည်း ထပ်ပြီး အပြစ်ဖြစ်သွားပြန်ပြီ ထင်တယ် ။ ခါးထောက်ကြည့်နေတဲ့ အကြည့်တွေက ချက်ချင်း ထောင်ထဲဝင်ရမဲ့ တရားခံလိုလို

ရိပေါ်စစ်ဆေးလက်စ ဖိုင်တွဲကို ပိတ်ပြီး သူ့ဘေးက ဒေါသတကြီး ရပ်နေသူကို မော့ကြည့်ကာ

" ဘေဘီ စိတ်မဆိုးပါတော့ နောက်မဖြစ်စေရဘူး "

" ခင်ဗျားပြောတော့ လွယ်လိုက်တာ မနေ့က Taxi စီးပြီးပြန်လာတာ အဲ့Taxi သမားက သည်းကို ဘယ်လောက်နှာဘူးကျတဲ့ စကားတွေပြောလဲဆိုတာ ကိုကိုသိလား "

" သိတယ်လေ "

" ကိုကို့ !! "

" မဟုတ်ဘူး ကိုယ်ပြောတာက ဘေဘီညထဲက ကိုယ့်ကိုပြောပြီးပြီလေ ၊ ဘေဘီ့သူငယ်ချင်းလည်း ပါတယ်ဆို သူ့ကို ပြောတာလည်း ဖြစ်နိုင်တာဘဲ "

" ကိုကို့ ! သူက သည်းကို မှန်ကနေ ကြည့်ပြီးကို ပြောနေတာနော် "

" ဟုတ်ပြီ ကိုယ် သွားဖမ်းရအောင်လည်း ဘေဘီက Taxi နံပါတ်တောင် မမှတ်လာဘူးလေ အဲ့တော့ ကိုယ်က ဘယ်လိုလုပ်ပေးရမှာလဲ "

" အော် သည်းက အဲ့တုန်းက စိတ်တိုနေတာလေ Taxi နံပါတ် ဘယ်လို မှတ်ထားရမှာလဲ "

You've reached the end of published parts.

⏰ Last updated: Apr 29 ⏰

Add this story to your Library to get notified about new parts!

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now