ချစ်သူ လူဆိုး

528 35 0
                                    

💜  ချစ်သူ လူဆိုး 💜

OneShort ( YiZhan )

" ရှောင်ကျန့် မင်းကောင် ရန်ဖြစ်လို့တဲ့  "

ကျောင်းရောက်ရောက်ခြင်းကြားလိုက်ရတဲ့  စကားက လူကို အမောစို့စေသည် ။ ဒီလိုပါဘဲ သူနဲ့ ချစ်သူဖြစ်တာ 3 လမပြည့်သေးဘူး ရန်ပွဲက 30 ကျော်နေပြီ  ။ သူ့ရီးစားက လူဆိုးကောင် ခုလည်း ဘာဖြစ်ပြန်ပြီလဲ မသိ  ။

" ခု ဘယ်ရဲစခန်းမှာတဲ့လဲ  ခံရသူကရော ဘယ်သူလဲ ဘယ်ဆေးရုံ ရောက်သွားပြီလဲ ဘယ်လောက်လျော်လိုက်ရလဲတဲ့ "

ရှောင်ကျန့်ရဲ့ အမေးပေါင်းများစွာမှာ ရှင်းယန် ခေါင်းကုတ်မိသည် ။ ၀မ်ရိပေါ်က သူ့ရဲ့အကို ဝမ်းကွဲ  ။ အကိုဆိူလို့ လပိုင်းလောက်ဘဲကြီးတာ အတန်းက အတူတူပင် ။ ဒီအတွဲကြားမှာ နေရတာ သူ့အတွက်တော့ ငရဲကြီးလိုဘဲ ။ ခုဘဲကြည့် သူ့သူငယ်ချင်းက နေနိုင်သလို ဘာလိုလိုနဲ့ အေးဆေး၀င်ထိုင်ပြီးတောင် မေးလာသေးသည် ။ ပြီးရင် တမောင်မောင်နဲ့ အမြင်ကပ်စရာ ကောင်းအောင် ခေါ်နေတာ ဘယ်သူများလဲဘဲ ။

" မင်းတကယ် သွားမတွေ့တော့ဘူးလား "

" သူတောင်လုပ်ချင်တာ လုပ်နေသေးတာဘဲ ဘာကိစ္စသွားတွေ့ရမှာလဲ  "

သူ့သူငယ်ချင်းကြီးရဲ့ စကားကြောင့် ရှင်းယန်မှာ အံ့သြမှုပေါင်းသောင်းခြောက်ထောင်နဲ့

" မင်းနေနိုင်ရင် ပြီးတာဘဲ "

" နေနိုင်တယ် သူ့ဟာသူ ဖြစ်ချင်တာဖြစ် "

ရှင်းယန်မှာ ကြား3ကြား မ၀င်ကောင်းကြောင်း ခပ်တိုးတိုးလေး ရေရွတ်ရင်း စာဘဲ အေးဆေး လုပ်နေလိုက်သည် ။

ရှောင်ကျန့် ဟိုလူကို ခေါင်းထဲက ထုတ်ကာ စာလုပ်နေရင်း ခုံအောက်မှာ ထည့်ထားတဲ့ ဖုန်းလေးက မီးလင်းလာလို့ အသာယူကြည့်မိတော့ ဟိုလူဆိုးကောင် ဆက်နေတာ  ။ ဖုန်းကို ချပစ်လိုက်ပြီး စာထဲမှာသာ အာရုံပြန်စိုက်လိုက်သည် ။ 3  4 ကြိမ်မျှ တုန်ခါနေတဲ့ ဖုန်းလေးကို လစ်လျှူရှုထားပေမဲ့လည်း စိတ်က မနေနိုင် ။ တယောက်သောသူကတော့ ဖုန်းခေါ်မရတော့ Wecats ကနေ စာပို့လာသည် ။ ဝင်ကြည့်မိတော့  နှုတ်ခမ်းထောင့်မှာ ညိုမဲစွဲနေတဲ့ ပုံတပုံ  ဖြစ်နေသည် ။

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now