💚 အစိမ်းရောင် "လ " ကလေး💚

320 27 0
                                    

💚 အစိမ်းရောင် "လ "ကလေး 💚

🍀Oneshort 🍀     ( YiZhan )

ကိုယ်ပိုင်အထက်တန်းကျောင်းတခုကနေ ထွက်လာတဲ့ ကောင်ငယ်လေးတယောက်က ကျောပိုးအိတ်ကို ပုခုံးတဖက်မှာ ဘေးတစောင်းလေးလွယ်ထားပြီး  လက်တဖက်က သူ့အကြိုက်ဆုံး စတော်ဘယ်ရီ ဖျော်ရည်ဘူးလေးကို ပိုက်နဲ့ စုတ်သောက်နေသည်

သူဟာ ကျောင်းရှေ့မှာ ရပ်နေတဲ့ တစုံတယောက်ကို မြင်တဲ့ အခါ တ၀က်လောက်ကျန်နေတဲ့ ဖျော်ရည်ဘူးလေးကို ကျောင်းရှေ့ အနီးနားက အမှိုက်ပုံးထဲကို ပစ်ထည့်ပြီး ထိုတစုံတယောက်ကို မျက်စောင်းလှမ်းထိုးတယ်

" အမြင်ကပ်စရာ ကောင်းလိုက်တာ "

သူဟာ ကားကိုမှီပြီးရပ်နေတဲ့ တယောက်ကို ကြည့်ပြီး တကိုယ်ထဲ ရေရွတ်လိုက်သည် ။ထိုလူက နားမှာလည်း နားကပ်တဖက်၀တ်ထားပြီး လမ်းသရဲဆန်ဆန် ပုံစံက သူ့ကို အမြင်ကပ်စေသည် ။

လှမ်းပြုံးပြနေတဲ့ ထိုလူကို ဂရုမစိုက်စွာ မျက်နှာကို တဖက်သို့ လှည့်လိုက်ပြီး ရှောင်းအိမ်တော်က ကားအကြိုကို စောင့်နေလိုက်သည်

" ကတောက်စ် ကြာလိုက်တာ အိမ်ကလူတွေ မအားကြတာလား "

5မိနစ်တောင်မပြည့်သေးဘူးရပ်စောင့်နေရတာ ဒါကို ကြာလို့ဆိုပြီးဒေါသထွက်နေတဲ့ ရှောင်ကျန့်ဟာ စိတ်ဆိုးဆိုးနဲ့ လွယ်အိတ်ကို လက်နဲ့ဖိချေနေသည် ။

" အိမ်က လာမကြိုသေးလို့လား ကိုပြန်ပို့ပေးမယ်လေ ရှောင်း"

" မလိုဘူး!!"

အော် စိမ်းကားလိုက်တာ မင်းရယ် ...

စိတ်တိုနေပါတယ်ဆို သူအမြင်ကပ်တဲ့လူက သူ့နားရောက်လာပြီး ပြန်ပို့ပေးဖို့ ပြောလာတဲ့အခါ ဒေါသထွက်ထွက်နဲ့ ပြန်အော်လိုက်တယ်

ဖိချေနေတဲ့ ကျောပိုးအိတ်ထဲက ဖုန်းကို ထုတ်ပြီး အိမ်ဖုန်းကို လှမ်းဆက်တဲ့အခါ အချိန်တော်ကြာသည်အထိ ပြန်မဖြေလာတဲ့ Ph reply ကြောင့် ထပ်ပြီးစိတ်တိုရပြန်ပြီ

ဒီလောက က လူတွေအားလုံးက အမြဲတမ်းငါ့ကို စိတ်တိုအောင် လုပ်ကြတယ်

" ကိုပြန်ပို့ပေးပါမယ်ဆိုကွာ"

" ခင်ဗျားဘယ်လို ဖြစ်နေတာလဲ ၀မ်ရိပေါ်"

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now