လိပ်ပြာ နှောင်ကြိုး

302 23 0
                                    

🦋လိပ်ပြာ နှောင်ကြိုး 🦋

Honor YiZhan  Fic [ One Short ]

" ဟျောင့် မင်းတကယ်ပြောနေတာလား ငါလန့်လို့ သေတော့မယ် "

" ယီးဖြစ်လို့ ငါက လိမ်ရမှာလားကွာ "

စကိတ်ကွင်းတခုမှာ စကိတ်စီးပြီးလို့ နားနေရင်းမှ ရိပေါ် ပြောလာတဲ့ စကားကြောင့် Haoxuan က အလန့်တကြားထအော်သည် ။ သူပြောတာက ဒီရက်ပိုင်းမှာ သူ့ဆိုင်ကယ်နောက် လူတယောက် လိုက်စီးနေသလို အမြဲခံစားရတယ်တဲ့

" ရိ ရိပေါ် ဒါ ဒါဆို သရဲများလား "

" ငါကိုယ်တိုင်လည်း မသိဘူးကွာ သေချာတာတော့ ငါဆိုင်ကယ်စီးတိုင်း ပုံမှန်မဟုတ်တာဘဲ "

" ဘယ်နှရက်လောက် ရှိပြီလဲ "

" ငါ့အထင် လွန်ခဲ့တဲ့ 3 4 ရက်လောက်ထဲက ကွာ "

ရိပေါ် စကားကြောင့် Haoxuan က စကိတ်ကွင်း အပြင်မှာ ရပ်ထားတဲ့ ရိပေါ် ဆိုင်ကယ်ဆီ တဖြည်းဖြည်း အကြည့်ပို့မိသည် ။

လှုပ်ရှားမှု မရှိ ပုံမှန်တိုင်းဖြစ်နေတဲ့ လေထု မှာ လေမတိုက်ဘဲ ကြက်သီးတွေ ထလာရသည် ။

" ဘာ ဘာမှ မရှိပါဘူးကွာ ငါကြည့်တာ ပုံမှန်ပါဘဲ  "

စကားတွေထစ်ထစ်ငေါ့ငေါ့နဲ့ ကြက်သီးတွေတောင် ထနေတဲ့ Haoxuan ကို ကြည့်ပြီး ရိပေါ် တဟားဟား ထရယ်လိုက်တယ်

" ဟား ဟား မင်းကြောက်နေတာလား "

" အော် ငိုးမဟာရယ် ကြောက်တာပေါ့ သရဲလေ လူဆို ပြန်ချလို့ ရတယ်လေ သရဲက ပြန်လုပ်လို့မှ မရတာ "

" ဟား ဟား အေးပါကွာ မိုးချုပ်တော့မယ် ငါပြန်ပြီ မနက် ကျောင်းရောက်မှ တွေ့မယ်ကွာ "

" အေးကွာ ဂရုစိုက်သွားအုံး "

" အင်းပါ ငါ့ရဲ့ သရဲမချောချောလေးနဲ့ ပြန်မှာမို့ မင်းစိတ်ချပါ "

ပြောပြီး တဟာဟားရယ်ကာ ပြန်သွားတဲ့ ရိပေါ်ကို ကြည့်ပြီး Haoxuan ခေါင်းခါသည် ။ ဒီကောင်ကွာ သရဲကိုများ ...

ဘုတ် ×××

" အမလေး !!!! အားယို လန့်လို့သေတော့မှာလဲ "

ဘေးနားက ထောင်ထားတဲ့ စကိတ်က သူ့ရှေ့ ဘုတ်ကနဲ ပြုတ်ကျလာလို့ Haoxuan မသေရုံ တမယ် လန့်သွားရသည် ။ ညတောင် အိပ်ပျော်ပါ့မလား ...

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now