ကိုယ်ရယ် မင်းရယ် ပိတောက်ရယ်

431 29 0
                                    

🌸//ကိုရယ် မင်းရယ် ပိတောက်ရယ်//🌸

"နွေဦး ရောက်ပြီဖြစ်ကြောင်း လေရူးလေးက ရှေ့နောက် တောင်မြောက် စုံဆန် တိုက်ခတ်လို့ ပြောပြနေပြီလေ"

"ရွှေဘုတ်ကယ် အိုးအီအော်လို နွေကို ကြိုဆိုနေသရောင် ကျေးငှက်အစုံကလည်း သစ်ကိုင်းမှာ ခိုနားလို့ သီချင်းသံမြည်ကျွေးပြီး နွေဦးကို ကြိုဆိုနေတယ်"

"ရွှေဝါရောင် အဖူးအဖွင့်များနဲ့ သစ်ရွက်စိမ်းများ ပျောက်တဲ့အထိ ဖူးပွင်နေတဲ့ ပိတောက်ရယ်တို့"

"သင်းပျံ့သော ရနံ့ရယ်ကြောင့် နွေဦးကို ပိတောက်တမျိုးထဲနဲ့ အလှဆင်ဖို့ လုံလောက်ပြီလေ"

၀မ်:::ရှောင်း ဘာတွေ တွေးနေတာလဲ

"အရိပ်ကြီးကြီး ပိတောက်ပင်အောက်က ခုံတန်းလေးမှာ ရှောင်းတယောက် ရှေ့သစ်ကိုင်းက ပိတောက်ပန်းတို့ကို ငေးကြည့်နေသည်မှာ တစုံတယောက် သူ့နားရောက်လာတာ မသိတဲ့ အထိဘဲ"

ရှောင်း:::ဘာရယ်မဟုတ်ပါဘူး ကိုရယ် ပိတောက်တွေက လှလို့ ကြည့်နေတာပါ

"၀မ်တယောက် ရှောင်းဘေးနား ၀င်ထိုင်လို့ ရှောင်းလက်လေးဆုတ်ကိုင်ပြီး ပုခုံးလေးကို ဖက်လို့ သူ့ရင်ခွင်၌ မှီစေသည်"

၀မ် ::::ပိတောက်ထက် ရှောင်းက ပိုလှပါတယ်ဗျာ

"ရွှေအဆင်းနဲ့ တုနှိုင်းပါဘိ ပိတောက်ရယ်တောင် ရှောင်းအလှကို မှီမယ်မထင်ဘူး လေတိုက်လိုက်တိုင်း ရှေ့ဘက်ဝဲကျလာသော ဆံနွယ်လေး အညိုရောင် သမင်မျက်လုံးလေး ပါးလျှလျှ နှုတ်ခမ်းလေးနဲ့ ပြုံးလိုက်တိုင်းလှုတ်ခတ်သွားတဲ့ မှဲ့နက်လေးက နွေဦးက လေးရူးထက် ထိုအပြုံးက ကိုရူးဖို့ ပိုလုံလောက်ပါပြီ ရှောင်းရယ်"

ရှောင်း::: ပိုပြန်ပါပြီ ကိုရယ်

၀မ် :::အပိုပြောနေခြင်းမဟုတ်ရပါ နှလုံးသားက လာတဲ့ စကားလုံးစစ်စစ်မို့ စာဖွဲ့နေခြင်းလည်း မဟုတ်ရပါဘူး ရှောင်းရယ်

ရှောင်း :::ယုံပါတယ်ကိုရယ်

"ကို့ ကို ရှေ့သွားကြီးကြီးလေးနှစ်ချောင်း ပေါ်သည်အထိ ပြုံးပြလိုက်တဲ့ရှောင်း"

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now