Am I Wrong

374 30 0
                                    

🖤  🅰︎🅼︎ 🅸︎ 🆆︎🆁︎🅾︎🅽︎🅶︎   🖤

One Short  [ YiZhan ]

" ၀မ်ရိပေါ် !!! "

" ကျစ် Daddy ရာ ဘာလို့ အော်နေတာလဲ "

ည 12 နာရီ ကျော်မှ အပြင်က ပြန်လာပြီး  ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့ လူတွေကို အရေးမစိုက်စွာ အပေါ်ထပ် တက်ဖို့ ခြေလှမ်းနေတဲ့ ၀မ်ရိပေါ်ကို ၀မ်ပါး အော်လ်ိုက်တော့ လူတွေကို အကြည့်တချက်ပေးမလာဘဲ လှေကားလက်ရမ်းကို ကိုင်ပြီး ရပ်နေတဲ့ သားမိုက်ကြောင့် ၀မ်ပါး ဒေါသ ထွက်ရသည် ။

" မင်း အခု ဘယ်ချိန် ရှိနေပြီလဲ ဟမ် ! "

" နာရီ မပတ်ထားဘူး ဖုန်းက ကားထဲမှာ ကျန်ခဲ့တယ်  "

" မင်း !!    အခု ဆင်းခဲ့စမ်း  ၀မ်ရိပေါ် ! "

" ခု အရက်မူးနေလို့ ပြီးတော့ အိပ်ချင်နေပြီ  ပြောစရာရှိရင် မနက်မှ ပြော ဟုတ်ပါပြီလား "

" ဘာ !! မင်း  ! မင်း ! "

" အကိုရယ် တော်ပါတော့ သားနားပါစေ မနက်ဖြန် မှပြောလေနော် "

" ဒီမှာ ဒေါ် ကျိုးမေ ကျုပ်တို့ သားဖကြား  ခင်ဗျား ၀င်မပါနဲ့ ပြီးတော့ ကျုပ်ကို သား သား မခေါ် နားကြားပြင်း ကပ်တယ် "

" ၀မ်ရိပေါ် မင်း လူကြီးကို ဘယ်လိုတွေ ပြောနေတာလဲ "

" ပြောပြတာ မကြိုက်ဘူးဆိုတဲ့ အကြောင်း  နောက်တခါ Daddy မိန်းမကို ကျနော့်ကို သားလို့ မခေါ်ဖို့ ပြောထား  "

၀မ်ရိပေါ် ပြောပြီးတဲ့ ဆို အပေါ်ထပ်ကာ သူ့အခန်းထဲ လာခဲ့လိုက်သည် ။ အောက်က Daddy ဘယ်လို ကျန်ခဲ့လဲ သူစိတ်မ၀င်စားပေ  ။ ခုချိန်ဆို သူ့မိန်းမကို ပြောလို့ သူ့ကို ထိုးချင်နေလောက်ရောပေါ့

စောက်ဇယားတွေ  အာရုံနောက်တယ် ။ ရိပေါ် အပေါ်ကုတ်ကို ကုတင်ပေါ် ပစ်တင်ပြီး လူပါ အိပ်ယာပေါ်  ဝုန်းကနဲ ပစ်လှဲ လိုက်သည် ။ ဖိနပ်တွေ ဘာတွေလည်း ချွတ်မနေတော့ဘူး အာရုံနောက်တယ်  ။

" လွမ်းတယ် ခင်ဗျားရေ   မောင် ခင်ဗျားကို အရမ်းလွမ်းတာဘဲ  ခင်ဗျားက ချေလိုက်တာဗျာ တကယ်ဘဲ မောင် ဘာများ မှားလို့လဲ "

🖇️ YiZhan One Short Fic Collection 🖇️Όπου ζουν οι ιστορίες. Ανακάλυψε τώρα