ပန်းမိစ္ဆာနှင့် ဓားသခင်

375 31 0
                                    

🌺ပန်းမိစ္ဆာနှင့် ဓားသခင်🌺

🌸Oneshort🌸    (YiZhan)

"အလွန်တရာမှ ကြီးကျယ်ခန်းနားသော တိုင်းပြည်ကြီးတခုမှာ ဘုန်းတခိုး လက်ရုံးရည်နဲ့ပြည့်စုံသည့်အပြင် ဓားရေးမှာလည်း လွန်စွာကျွမ်းကျင်သောကြောင့် ဓားသခင်လို့ပါ တင်စားခေါ်ဝေါ်ရတဲ့အထိ ဂုဏ်သတင်းကြီးမားသော ဤတိုင်ပြည်ရဲ့အရှင့်သား ၀မ်သခင်လေး"

"ထိုတိုင်းပြည်ရဲ့ လူသူအရောက်ပေါက်နဲသော တနေရာမှာ ပန်းများ၀န်ရံထားသော ဂူသချိုင်းတခု ရှိလေတယ် မိစ္ဆာအငွေ့သက်များသော နေရာဖြစ်တဲ့အတွက် ထိုနေရာကို မည်သူမှ မလာရဲကြ
ထိုဂူသချိုင်းမှာတော့ လွန်စွာတင့်တယ်ချောမောပေမဲ့ စကားမပြောတတ်သော ပန်းမိစ္ဆာလေး ရှောင်းဟာဆိုရင်ဖြင့် လူသားတွေနဲ့  ကင်းကင်းနေတတ်သည်"

"သို့ပေမဲ့ ထိုမိစ္ဆာလေးက အရှင့်သား၀မ်သခင်လေးနဲ့ ချစ်ကျွမ်း၀င်နေသတဲ့"

"တနေ့သောအခါမှာ သူဂူသချိုင်းရဲ့ အပြင်ကို ထွက်ခဲ့တယ် လူသားတွေကို သူမြင်ဖူးချင်ရုံပါ သို့ပေမဲ့ ရက်စက်လွန်းတဲ့ လူသားတွေက သူ့ကို ဝိုင်ဖမ်းကြလေတယ် ထိုအချိန်မှာ တိုင်းခန်း လှည့်လည်လာတဲ့ အရှင့်သားက ၀င်ရောက်ကူညီခဲ့လို့ အသက်ဘေးမှ လွတ်မြောက်ခဲ့တယ်"

"သူလက်ဟန် ခြေဟန်နဲ့ အရှင့်သားကို ကျေးဇူးတင်စကားဆိုခဲ့တယ်"

၀မ်သခင်လေး::;;:စကားမပြောတတ်ဘူးလား သခင်လေး

"ထိုအခါ ရှောင်းက မျက်နှာငယ်လေးနဲ့ ခေါင်းငြိမ့်ပြတယ် သူစကားမပြောတတ်ပါဘူးပေါ့"

၀မ်သခင်လေး::::သခင်လေးက ဘယ်အိမ်တော်ကလည်း ကျနော်တခါမှ မမြင်ဖူးလို့လေ
"ရှောင်းက သူနေတဲ့နေရာ ဂူသချိုင်းဘက်ကို လက်ညိုးထိုးပြတယ်"

၀မ်သခင်လေး:::သခင်လေးက ပန်းသချိုင်းကလား

"ခေါင်းလေးတဆက်ဆက်ငြိမ့်ပြတဲ့ရှောင်း"

၀မ်သခင်လေး ::::နာမည်လေးသိခွင့် ရှိမလား

"ရှောင်းက မြေပြင်ပေါ်က တုတ်လေးတချောင်းကောက်ပြီး ထိုမြေပြင်မှာဘဲ စာလုံးလေး တလုံးရေးပြတယ် "ရှောင်း"တဲ့"

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now