မောင့် နှင်းဆီနီ

428 30 0
                                    

🌹 မောင့် နှင်းဆီနီ 🌹

One Short ( YiZhan )

" ကိုကို  ကိုကို "

" ဗျာ ဗျာ ဖြေးဖြေးလာမှပေါ့ဗျာ ဘာဖြစ်လို့လဲဟင် သားလေး "

အိမ်ရှေ့ကွပ်ပြစ်ပေါ်မှာ ထိုင်နေတဲ့ ရှောင်ကျန့်ဆီ ကိုကို ခေါ်ကာ  ပြေးလာတဲ့ 6 နှစ်အရွယ် ကလေးလေး တယောက် ။ ထိုကလေးလေးက ရှောင်ကျန့်တို့ အိမ်နဲ့ 3အိမ်ကျော်လောက်က ဖြစ်ပြီး ရှောင်ကျန့်ကိုလည်း အတော်လေး ခင်တဲ့ ကလေးဖြစ်သည် ။ ပြီးတော့ ထိုကလေးက တစုံတယောက်ရဲ့ ညီ၀မ်းကွဲလေးလည်း ဖြစ်သည် ။

ရှောင်ကျန့်က ကွပ်ပြစ်အောက်မှာ ချွတ်ထားတဲ့ ခြေညှပ်ဖိနပ်လေးကို အမြန်ဘဲ စီးကာ ပြေးလာတဲ့ ကလေးကို ဖမ်းထားရင်းမေးလိုက်သည် ။

" ကိုကို ကို  ဒါလေးပေးခိုင်းလိုက်လို့ "

ထိုကလေးက  လူကြီးလေးလို လက်ကို နောက်မှာ ပစ်ထားရင် ဝှက်လာတဲ့ နီနီရဲရဲ နှင်းဆီပန်းတပွင့်ကို ရှောင်ကျန့်ရှေ့ကို ထိုးပေးလာသည် ။ ဒါက ဘယ်သူပေးခိုင်းတာလဲ မေးစရာ မလိုအောင် ရှောင်ကျန့်သိပြီးနေပြီ ။ သူ့မျက်နှာလေးကလည်း ထိုနီရဲရဲ ပန်းပွင့်လေးနှယ် ရှက်သွေးကြွယ်သွားသည် ။ ရှောင်ကျန့်က ထိုပန်းလေးကို ယူလိုက်ရင်း ကလေးလေးရဲ့ရှေ့ ဒူးတဖက် ထောက်ကာ ထိုင်လိုက်ပြီး ပြေးလာတာမို့ ချွေးအနည်းငယ်ထွက်နေတဲ့ ကလေးလေးရဲ့ နဖူးမှ ချွေးတွေကို လက်ဖဝါးနုနုလေးနဲ့ အသာ သုတ်ပေးလိုက်သည် ။ မောင်ကတော့လေ  ကလေးသနားပါတယ် ။

" သား အဲ့ဒီကိုကိုက ဘာမှာလိုက်သေးလဲ "

" ကိုကိုကြီးက ပြောတယ် ကိုကို့ကို တွေ့နေကျ နေရာမှာ စောင့်နေမယ်တဲ့ "

" နောက်တော့ရော "

" အရေးကြီးတယ်တဲ့ "

"ဟုတ်လား သားလာမပြောပေးရင် ရိုက်မယ်လို့ မပြောဘူးလား  "

" ဟွန့်အွန်း အရင်တုန်းကဆို သားသားကို ခန ခန ရိုက်မယ်ပြောတယ် ခုမပြောဘူး ကိုကို "

နှုတ်ခမ်းလေးဆူကာ ပါးဖောင်းဖောင်းလေးတွေနဲ့ ပြောနေတဲ့ ကလေးလေးက တစုံတယောက်နဲ့တော့ အတော်လေး ဆင်သည် ။ သူကတော့ စစ်သားမို့လို့ ထင်တယ် အသားရေက ညိုတဲ့ဘက်ရောက်နေပြီး ကလေးလေးကတော့ အတော်ဖွေးသည် ပါးမှာ သွေးကြောမျှင်လေးတွေ မြင်နေရသည် အထိ ။ ရှောင်ကျန့်က ကလေးလေးရဲ့ ပါးကို ခပ်ဖွဖွဆွဲပြီး  နှာတံချွန်ချွန်လေး နစ်၀င်သည်အထိ နမ်းပစ်လိုက်သည် ။ ဒါကို တစုံတယောက် မြင်ရင် နှာမှုတ်နေမလားဘဲ ။ သူက ရှောင်ကျန့်ကိုဆို ကလေး အစ ခွေးအဆုံး သဝန်တိုတတ်တဲ့ လူ  ။ ရှောင်ကျန့်က ထိုကလေးလေးကို ကွပ်ပြစ်ပေါ် မတင်ပေးပြီး သူကတော့ အိမ်ပေါ် ခန ဆိုကာ တက်သွားသည် ။ ခနကြာတော့ မုန့်ထုပ်တထုပ်ကိုင်ရင်း ပြန်ဆင်းလာသည် ။

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now