ဘေးအိမ်က လူ

438 36 0
                                    

❤️ ဘေးအိမ်က လူ ❤️

One Short ( YiZhan )

လုံးချင်းနှစ်ထပ်အိမ်လေးနဲ့ တည်တင်းထားတဲ့ ခြံ၀န်းလေးတခု ။ အလှပန်းပင်များစိုက်ပျိုးထားတာကြောင့် အိမ်ရှေ့ တခုလုံးက အရမ်းကို လှပနေသည် ။

" သားလေး ကြိုက်ရဲ့လား "

" သားအရမ်းကြိုက်တယ် မာမား တိတ်ဆိတ်ပြီး နေချင်စရာလေး "

" ဟုတ်ပါပြီရှင့် မားမားသားလေး သဘောကျတယ်ဆို ပြီးတာဘဲ ပြီးတော့ ပါးပါးကို vc ခေါ်ပြီး ပြောလိုက်အုံးနော် "

"ဟုတ် မားမား "

အသက် 18 နှစ်အရွယ် ရှိတဲ့ရှောင်ကျန့်ဟာ ဒုတိယနှစ်ကျောင်းသားလေးပါ ။ မကြာခင်ကမှရပါးပါးက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ သွားလိုက်တာမို့ မားမားနဲ့ နှစ်ယောက်ထဲနေသည် ။ ၀ယ်ထားတာ ကြာပြီဖြစ်တဲ့ ဒီခြံ၀န်လေးကို သူတို့ လာမနေဖြစ် ။ ခု ပါးပါးက နိုင်ငံခြားမှာ အလုပ်ကိစ္စနဲ့ ကြာမှာမို့ ပေကျင်းလို မြို့လယ်ခေါင် နေရာကနေ လူရှင်းတိတ်ဆိတ်တဲ့နေရာလေးကို ပြောင်းလာခြင်း ဖြစ်သည် ။ ရှောင်ကျန့်လေး စာကျက်လို့ ကောင်းမဲ့ အိမ်ယာ၀န်းလေး ဖြစ်သသည် ။ ဘေးမှာ သူတိူ့နည်းတူ ခြံ၀န်းလေး တခု ထပ်ရှိသေးသည် ။

ရှောင်ကျန့် ၀ရံတာ မှာထွက်ရပ်နေရင်း ဘေးခြံထဲ ၀င်လာတဲ့ ကားအနက်တစီးကြောင့် ရှောင်ကျန့် ဟိုဘက်ခြံထဲကို အာရုံစိုက်ပြီး ကြည့်လိုက်သည် ။ ပြီးတော့ ကားပေါ်က ဆင်းလာတဲ့ All Black Suit နဲ့ ခပ်ချောချော အမျိုးသားတယောက် အသက်အားဖြင့် 26 27 ၀န်းကျင်လောက် ရှိလိမ့်မယ် ။ တည်တင်းနေတဲ့ ထိုအမျိုးသားသည် ကားပေါ်က အိတ်တလုံး ယူကာ ကားတံခါးကို ပိတ်လိုက်သည် ။ ကုမ္မဏီ ( သို့ ) အလုပ် တခုခုက ပြန်လာတာ ဖြစ်လိမ့်မယ်  ။ ထိုအမျိုးသားက ချောတာတော့ တော်တော်ချောသည် ။

" ကိုကို "

" ညမလေး Mammy ရော "

" ရှိတယ် ကိုကို Mammy က မီးဖိုခန်ထဲမှာ ကိုကို ကြိုက်တဲ့ ငါးသားလောက်ပေါင်း ချက်နေတယ် "

" Wowww ဟုတ်လား ဗိုက်တောင် ဆာလာသလိုဘဲ  သွားရအောင် "

ရှောင်ကျန့် ကြည့်နေတုန်းမှာဘဲ အိမ်ထဲက ကောင်မလေးတယောက် ထွက်လာပြီး ထိုလူလက်ထဲက အိတ်ကိုယူကာ စကားပြောရင်း အိမ်ထဲ ၀င်သွားကြသည် ။

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now