Love Your Self

363 29 0
                                    

🖇️Love  Your Self 🖇️

🌸Oneshort 🌸          🦋YiZhan 🦋

"အလွန်တရာမှ လူရှုပ်သော Chinese အပြည်ပြည်ဆိုင်ရာ လေဆိပ်တခုတွင်  10နှစ်တိုင်တိုင် ခြေမချဖြစ်သော အမိမြေသို့ ရောက်လာသော ကောင်ငယ်လေးတယောက် ။ အသက်13နှစ်ကတည်းက ဖခင်နဲ့ US မှာ လိုက်နေခဲ့ရလို့ အမိမြေနှင့် အတော်မှ စိမ်းနေသည် ။

ခုသူ့အသက်က 23နှစ်ရှိပြီပေါ့

လက်တဖက်က ခရီးဆောင်အိတ်ကို ဆွဲလာပြီး နောက်တဖက်က ဖုန်းကို ကိုင်ထားသည် ။ အတွင်းမှာ T shirt အဖြူရောင်လေးကို ၀တ်ထားပြီး အပေါ်ကုဒ်အမဲရောင် တထည်လည်း ထပ်၀တ်ထားသေးသည် ။ အပြာရောင် ဂျင်းဘောင်းဘီအရှည်လေးရဲ့ အဆုံးမှာ  Shoe ဖိနပ်အဖြူရောင်လေး စီးထားပြီး မျက်မှန်အမဲရောင်လေးလည်း တပ်ထားသည် ။ ခပ်ဖြူဖြူအသားရေမှာ နှုတ်ခမ်းပါးလေးကလည်း ဆေးရောင်မပါ ပန်းဆီရောင်လေးသန်းနေသည် ။ မြင်သူအဖို့ ရင်ထဲအေးချမ်းစေတဲ့ အနက်ရောင် မှဲ့နက်လေးလည်း ပါသေးသည် ။ ဆံပင်အုပ်အုပ်လေးကို ရှေ့ကို ဖြီးချထားသည်မှာလည်း ချောတယ်ဆိုတာထက် လှတဲ့ဘက်ကို ရောက်နေတဲ့ ကောင်လေးတယောက်ပါ ။

အမိမြေလေးကို ပြန်လာရလို့ နှုတ်ခမ်းပါးလေးမှာ အပြုံးတပွင့်ဟာ ထိန်းမနိုင် သိမ်းမနိုင်ကို ဖြစ်ပေါ်နေသည် ။

" အ့ "

" Sorry ပါ ခနလေးနော် ပြန်လာခဲ့မယ် "

သူပြုံးနေတုန်းမှာဘဲ လူအုပ်ကြားထဲက ဖြတ်ပြေးလာတဲ့ လူတယောက်နဲ့ နောက်က ပြေးလိုက်လာသော သေနတ်နဲ့ လူတယောက်  ။ ထိုလူသည် သူ့ကို ၀င်တိုက်မိပြီး Sorry ဆိုကာ ရှေ့က လူနောက်ပြေးလိုက်သွားသည်

" ကတောက်စ် ငါ့လက်နာသွားပြီ အလို တောင်ပန်လို့ ရကျေးလား "

ထိုလူ ခန္ဒာကိုယ်နဲ့ ၀င်တိုက်မိသွားသော သူ့ပုခုံးလေးကို ကိုင်ရင်း ဒေါသထွက်နေတာ မျက်နှာလေးတောင် ရဲတောက်လို့

" လာကြိုမဲ့သူကလည်း မလာသေးဘူးလား ဖုန်းဆက်ရတော့မယ်ထင်တယ်"

Ph လေးကိုဖွင့်ပြီး ပါးက ပေးလိုက်တဲ့ ph နံပါတ်လေးတခုကို ခေါ်လိုက်တယ်

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now