ငါ့ယောကျ်ားက လူဆိုးကောင်

1.1K 62 0
                                    

💚ငါ့ယောက်ျားက လူဆိုးကောင် 💚(😏)

[One Short]      ❤️     [YiZhan ]

"အဖေ ... အဖေ လက်လွန်မယ်နော် "

"မလွန်ဘူး ငါမင်းကို ဒီနေ့ ရိုက်မှကို ရတော့မှာ ဘာလဲ အားနေ အိမ်ကြီးရှင်လုပ်ပြီး ငါ့သားမက်ကိုဘဲ အိမ်ပေါ်က မောင်းမောင်းချနေတယ် "

အိမ်ကျယ်ကြီးတခုမှာတော့ ရှောင်းကျန့်ကို သူ့အဖေက လိုက်ရိုက်နေလို့ ဧည့်ခန်းတခုလုံးကို ပတ်ပြေးနေရပါတယ် အကြောင်းက သူ့သားမက်ကို အိမ်ပေါ်က မောင်းချလိုက်လို့တဲ့

"အဖေ ... အဖေ အရင် ထိုင်ပါအုံး  မောနေပါ့မယ် သားလည်း မောနေပြီ ''

"မင်း !ရှောင်ကျန့်  ငါမမောဘူး ငါမင်းကို ဒီနေ့ ရိုက်ကို ရိုက်မှာ "

"အဖေ သားကို ရိုက်ရအောင် သားက ဆိုးနေတာမှရမဟုတ်တာ အဲ့ကောင်ကို သွားရိုက်လေ အဲ့အရက်သမားကို ခုလည်း ရဲစခန်းရောက်နေပြီလား ဆေးရုံရောက်နေပြီလား မသိဘူး "

"အတာမင်းကြောင့်လေ ဘာလို့ အားတိုင်း အိမ်ပေါ်က မောင်းချနေတာလဲ "

"အဖေ အလိုမောင်းချတိုင်းလည်း သူဘယ်တုန်းက တရက်ပြည့်အောင် ဆင်းဖူးလို့လဲ ခနနေ အရှက်မရှိတဲ့ မျက်နှာနဲ့ ရောက်လာလိမ့်မယ် ကြည့်နေ "

"မင်း ငါ့အရှေ့မှာ ငါ့သားမက်ကို ဒီလောက်ပြောဆိုနေတာ ငါ့ကွယ်ရာမှာဆို ဘယ်လောက် နိုင်လိုက်မလဲဆိုတာ ငါတွေးကြည့်ရုံနဲ့ သိနေပြီ  မင်းအချိုးတွေ မင်းပြင်နော် ရှောင်ကျန့် "

"ကြည့် အဖေတိူ့လေ အဲ့မှာ စမှားတာဘဲ "

"ဘာ! မင်း ရှောင်ကျန့် အဖေကိုတောင် မင်းက "

"သားပြောချင်တာက  ဆိးုတာက သူလေ သူ့ကို ဆုံးမမဲ့ အစား သားကို လာဆုံးမနေတော့ ဘာရမှာလဲ "

"အဲ့ဆိုးတဲ့ကောင်ကိုဘဲ မင်းကြိုက်လို့ မင်းယူတာ မဟုတ်ဘူးလား ရှောင်ကျန့် "

"ဟုတ်တယ် သားအရင်က သူ့ကို ကြိုက်တယ် ခုလုံး၀ မကြိုက်တော့ဘူး ပြန်အမ်းလို့ ရရင် အမ်းပစ်လိုက်ချင်တယ် "

"သဲလေး .... ရှောင်ကျန့် .... မိန်းမရေ "

အဖေနဲ့ စကားနိုင်လုနေတုန်းမှာဘဲ အပြင်က ကြားလိုက်ရတဲ့ အသံကြောင့် ရှောင်ကျန့်တယောက် ဒေါနဲ့မောနဲ့ အိမ်ရှေ့ထွက်လာသည် ။

🖇️ YiZhan One Short Fic Collection 🖇️Onde as histórias ganham vida. Descobre agora