သူကြီး သမက်

535 32 0
                                    

{🌺သူကြီး သားမက်🌺}

🌸One short  🌸( YiZhan)

"လယ်တော ပန်းမန်များနဲ့ သာယာလှပတဲ့ ရွာလေးတစ်ရွာကိုတော့ အရမ်းကို ချောမောခန့်ညားတဲ့ မြို့သားက အလည်လာပါတယ်ဗျာ"

"ရွာပေမဲ့ ကားတောင်၀င်လိုရတဲ့အထိ တိုးတက်နေတဲ့ ရှောင်ကျန့်တို့ရွာလေး"

"သူကြီးသား အမောင်ရှောင်ကျန့်ကတော့ မိုးလင်းမိုးချုပ် အိမ်ကပ်တယ်လို့ မရှိပါ စားချိန်နဲ့ အိပ်ချိန်သာ သူအိမ်ပြန်လာတတ်သည်"

"ပုဆိုး စလွယ်သိုင်းလို့ ခေါင်းမှာကြက်တောင်စီးပြီး သနပ်ခါး ဘဲကြားလိမ်းတတ်သည်ကို ကြည့်ခြင်းဖြင့် သူကြီးသားဖြစ်ပြီး မာနမရှိ ပျော်ပျော်နေတတ်သူဖြစ်ကြောင်းသိနိုင်သည်"

"အော် သူကြီးသားဆိုတော့ နောက်က လိုက်ပြီး ခစားနေရတဲ့ ဖိုးသားနဲ့ အောင်အောင်တို့ 2ယောက်လည်းရှိလေသတဲ့"

"မိုးလင်း မိုချုပ် တရွာလုံးပတ်မွှေတဲ့ သူတို့ 3ယောက်"

"ရွာလယ်လမ်းမှာ ကားတစီးရပ်ထားတာတွေ့တော့ ထို3ယောက် စပ်စုပြီလေ"

Xiao:::ဟျောင့်တွေ မြင်လား ကားအကောင်းစားကြီး ငါတို့ရွာကို ဧည့်သည်လာမယ်လို့ မကြားမိပါဘူး

Photar::::ဟုတ်တယ် အာစတိ ကျနော်တို့လည်း မကြားမိပါဘူး

Xiao:::ဘာဖြစ်ဖြစ်ပေါ့ ငါတို့ ဒီကားအကောင်းစားကြီးနဲ့ ဓာတ်ပုံရိုက်ရအောင်

"ရှောင်းက ဘောင်းဘီ အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဖိုးသားကိုပေးလိုက်တယ် ပုဆိုးကိုသေချာလေး ပြင်၀တ်ပြီး ကားဘေးသွားရပ် ၍ အိုက်တင်အမျိုးမျိုးလုပ်နေတယ်"

Photar:::အာစတိ ဒီဘက်လေးနဲနဲ ok ok အဲလို့ အော် နဲနဲလေးစောင်း ဟုတ်တယ် ဟုတ်တယ် အလို(မြင်လား မြင်းလား ပုံထဲမှာ အာစတိ😂)

"ကားမှန်က အမဲမို့လို့ အပြင်က သူတွေ မမြင်ရပေမဲ့ အထဲကတယောက်ကတော့ ထို3ယောက်ကို ကြည့်ပြီး အူတက်နေပါပြီ"

"တောသားတွေက တကယ်ကို ရီရတယ် "

"Wangတယောက် ဒီဘက်ခြမ်းက ကားတံခါးဖွင့်ပြီးဆင်းလာလိုက်တယ်"

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now