💢 မောင့် ပန်းချီ 💢

1.1K 79 0
                                    

💢 မောင့် ပန်းချီ 💢

🌸One Short 🌸   ( YiZhan )

"ကျန့် မင်း မောင့်ကို စိတ်တိုအောင်လုပ်နေတာလား"

" ငါဘာပြောပြော မောင်က စိတ်တိုနေတာဘဲ မဟုတ်ဘူးလား"


" ကျန့် မောင် မင်းနဲ့ စကားမများချင်ဘူးနော်"

"ဘာဖြစ်ချင်လို့လဲ ဟမ် ပြောလေ ဘာဖြစ်ချင်လဲလို့"


ထပ်ပြောနေရင်လည်း တကယ် ရန်ဖြစ်ရတော့ မှာဖြစ်တာကြောင့် ၀မ်က ဆိုင်ကယ် သော့ယူပြီး အပြင်ထွက်သွားလိုက်တယ်

"မောင့် မောင့် !! ကျစ်!"

စိတ်တိုလာတဲ့ ရှောင်းဟာ ကျစ်တချက် စုတ်သတ်ပြီး ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်ချလိုက်တယ်

မောင်နဲ့က မိဘတွေက သဘောတူထားလို့ လက်ထပ်လိုက်ရတာ မောင်က သူ့ထက်ငယ်တယ် သူက လူငယ်ဆန်ဆန်နေရတာကို ကြိုက်တဲ့သူ ဒါမဲ့ ခုအဲ့လိုနေလို့ မရတော့ဘူးလေ ကလေးအဖေဖြစ်လို့ သမီးလေးတောင် 1နှစ်ခွဲကျော်နေပြီ  အဲ့လို နေချင်တယ်ဆိုရင် အစထဲက လူပျိုလိုနေလိုက်ပေါ့ ဘာလို့ သူ့ကို ယူသေးလဲ

ခုလည်း ညက အိမ်ပြန်နောက်ကျတဲ့အကြောင်း မေးနေတာကို ထပ်ပြီး ထွက်သွားပြန်ပြီ မင်းဘာဖြစ်ချင်နေတာလဲ မောင် ။

________________
"မင်းဘဲ အတာလေးကို ချစ်လှပါချည်ရဲ့ဆို "

သူငယ်ချင်းဖြစ်သူ Haoxuan ဝမ်ရိပေါ် မျက်မှောင်ကျုံ့သည် ။

" ချစ်တာက ချစ်တာဘဲ ဟျောင့် ပူညံပူညံလုပ်တာ ငါမကြိုက်ဘူး "


"ပြောလည်း ပြောချင်စရာဘဲလေ မင်းကြတော့ လက်ယားလက်ယား အပြင်ထွက်တယ် သူလည်း ယောက်ျားလေးဘဲလေ သူကြတော့ ကလေးတယောက်နဲ့ အိမ်ထဲမှာဘဲ နေရတယ် မင်းမတရားဘူး ဟျောင့် "

"ငါလည်း ဒီနေ့ ရုံးပိတ်ရက်မို့လို့ ညက ညဉ့်နက်တဲ့ထိ အပြင်မှာ နေမိတာပါကွာ အတာ ညထဲက ပြောလို့ မပြီးတာ "

" ပြန်သွားချော့လိုက်ဟျောင့်"

"ခု ချော့လို့ ရမှာ မဟုတ်သေးဘူး ကျန့်စိတ်ကို ငါသိတယ် "

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now