Attachment

315 29 0
                                    

🌸 Attachmant 🌸🌸

🦋OneShort 🦋     {YiZhan }

"ဘာ  ! လမ်းခွဲမယ် ဟုတ်လား မောင် ဘာလို့လဲ ဘာလို့လဲ လို့ 😭"

"ကျန့်လည်း သိတာဘဲ ကျန့်မိဘတွေက မောင်နဲ့မှ သဘောမတူတာ ပြီးတော့ "

"ကျနော် သိလိုက်ပါပြီ မောင်က ကျနော့်ကို မချစ်ဘူး မောင့်တာ၀န်တွေကိုဘဲ မောင်ချစ်တာ  ဟင့် 😢 "

နေညိုချိန် တောင်စပ်နားမှာ စကားပြောနေတဲ့ လူနှစ်ဦးဟာ သေချာတာတော့ အချစ်အကြောင်းတွေ နုနုညံ့ညံ့ ပြောနေတာ မဟုတ်ပါဘူး

"အလို မဟုတ်ပါဘူး မောင့်စိတ်ကို မင်းနားလည်ပါတယ်ကျန့်  "

သူ့ပုခုံးတွေကို ခပ်တင်းတင်း ဆုတ်ကိုင်ပြီး ပြောလာတဲ့ မောင့်ရဲ့ လက်တွေကို ဖယ်ထုတ်လိုက်တယ်

"နားမလည်ဘူး နားမလည်ချင်တော့ဘူး မောင် နိုင်ငံ့တာ၀န် ထမ်းဆောင်နေတဲ့ စစ်သားတွေ အများကြီးပါ အားလုံးကို မောင်လုပ်မှ ပြီးမှာလို့ မောင်က ထင်နေတာလား ဟမ် ပြောပါအုံး ခင်ဗျားပြော ကျနော့်အတွက်ရော အချိန်ဘယ်လောက်ပေးပြီးပြီလဲ တခါတလေတော့လဲ ကျနော်တွေးမိတယ် မောင်က ကျနော့်ကို တကယ်ချစ်တာလားလို့ ပြီးရင် အဲ့အတွေးတွေကို အဝေးကို လွှတ်ပြစ်လိုက်တယ် မောင်က နိုင်ငံ့သားကောင်းမို့လို့ပါလို့ "

"မောင်  မောင် မင်းကို အရမ်းချစ်တယ်နော် အလို မတွေးပါနဲ့ "

"ဟုတ်တယ် ကျနော့်မိဘတွေက မောင်နဲ့ သဘောမတူဘူး ဘာလိူ့လဲဆို မောင်က စစ်သားမို့လို့ ကျနော့်ကို အမြဲတမ်း အချိန်မပေးနိုင်မှာ သူတိူ့ ကြောက်နေလို့လေ  ကျနော်ကတော့ အကြိမ်ကြိမ်ဆန့်ကျင်နေသလောက် မောင်က ကျနော့်ကို စွန့်ပစ်ဖိူ့ ရွေးတယ်ပေါ့လေ ရတယ်မောင် လမ်းခွဲကြတာပေါ့ "

"ကျန့် "

"မပြောနဲ့ နိုင်ငံ့သူရဲကောင်းကြီး ခင်ဗျားရဲ့ တာ၀န်တွေကိုဘဲ ကျေပွန်အောင် ထမ်းဆောင် လိုက်ပါအုံး "

လက်ဖဝါးအကြီးကြီးထဲမှာ ဆုတ်ကိုင်ထားတဲ့ လက်သေးသေးလေးကို ရုန်းထွက်လိုက်တယ် ။ မောင်ကဘဲ ကြမ်းတမ်းလွန်းနေတာလား သူကဘဲ နုညံ့လွန်းနေတာလား မသိဘူး မောင်ဆုတ်ကိုင်လိုက်တဲ့ သူ့လက်လေးတဖက်က ရဲရဲတောက် နီရဲသွားတာဘဲ ။

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now