3(uni+Zg)

621 85 33
                                    

Jeon Ian နှင့် Easton Park ၏ချစ်ခြင်းပုံသေနည်း

သံယောဇဉ် + တွယ်တာမှု = ?

စစ်မှန်သောချစ်ခြင်းမေတ္တာတစ်ခုပေါက်ဖွားလာရန် မည်သည့်သတ်မှတ်ချက်နည်းစနစ်မျှမလိုအပ်ပေ။ အချစ်ဟူသည့်ဓာတ်ခံလေးတစ်ခုသာလိုအပ်သည်။

လရောင်ဖြာနေသော ကောင်းကင်အားအတန်ကြာမော့ကြည့်နေရင်းမှ

"ပိုးစုန်းကြူးလေးတွေရှိတာပဲ"

မျက်စိအရှေ့သို့လာရောက်ပျံသန်းနေသော ပိုးစုန်းကြူးလေးအားကြည့်ကာ Ian ကပြောလိုက်သည်။ မိမိဘေးတွင်ကောင်းကင်ကိုသာငေးကြည့်နေသော Easton အား ထားခဲ့၍ အနောက်ဘက်သို့အနည်းငယ်ပြန်လျှောက်လာပြီးနောက် မြေပြင်အား​​ခြေထောက်ဖြင့်ပေါက်လိုက်သည်။ ထိုအခါ​ခြေမျက်စိအထိရှည်လျားသောမြက်ပင်ရိုင်းများကြားမှ ပိုးစုန်းကြူးလေးများကထွက်ပေါ်လာသည်။ Ian ကသဘောကျစွာ ပြုံး၍

"Easton.....ဒီကိုကြည့်"

ကောင်းကင်ရှိလပြည့်ဝန်းကြီးအားငေးနေရင်းမှ မိမိနာမည်ခေါ်သံကြောင့်အနောက်သို့လှည့်ကြည့်သည့်အခါ Ian က မြေပြင်အား ခြေဖြင့်ပေါက်လိုက်သည်။ မြက်ပင်များကြားမှပိုးစုန်းကြူးလေးများထပ်မံပေါ်ထွက်လာသည့်အခါ Ian ကသူ၏မူပိုင်အပြုံးဖြစ်သည့် ပါးချိုင့်ရေးရေးလေးများပေါ်သည်အထိပြုံးနေပြန်သည်။ ထိုမူပိုင်အပြုံးလေးအားငေးမောနေစဥ်မှာပင်

"ဒီကိုလာ...."

အနားသို့မည်သည့်အချိန်ကရောက်လာမှန်းမသိသော Ian ကသူ၏လက်တစ်ဖက်အားဆုပ်ကိုင်ကာ ညာဘက်မြက်ခင်းပြင်သို့ပြေးသည့်အခါ သူတို့ပြေးရာလမ်းကြောင်းတစ်လျှောက်တွင်ပိုးစုန်းကြူးလေးများကတောက်လျှောက်ပေါ်လာကြသည်။ ပိုးစုန်းကြူးလေးများတောက်လျှောက်ထွက်ပေါ်လာသကဲ့သို့ အရှေ့မှဦးဆောင်ပြေးနေသော Ian ထံမှ ရီသံလွင်လွင် လေးကလည်းထွက်ပေါ်လာသည်။ Eastonသည် မိမိလက်အားဆုပ်ကိုင်ထားသော လက်တစ်ဖက်အား ပြန်လည်ဆုပ်ကိုင်လိုက်ပြီးခြေလှမ်းကိုလည်း အရှိန်တင်လိုက်ကာ Ian နှင့်ထပ်တူ ပြေးလွှားလိုက်သည်။ ထပ်တူကျနေသောခြေလှမ်းများနှင့်အတူ မျက်နှာထက်၌အပြုံးတို့ဟာလည်းထပ်တူညီနေခဲ့သည်။

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now