13(uni+Zg)

393 62 8
                                    

"သေချာစဥ်းစားပါ အခုချိန်လောက်ဆိုရှင့်ရဲ့အသည်းညှာလေးလည်း သေချာစဥ်းစားနေရလောက်ပြီ အဟင်းး"

Ian ၏ လက်သီးစုပ်များတင်းကြပ်သွားပြီး

"မင်း! Eastonကို ဘာတွေပြောလိုက်တာလဲ!!!!"

"အို့......ကျွန်မကတော့ဘာမှမပြောပါဘူး......ဦးလေး Alfertသာ ဘာတွေပြောမယ်မှန်းမသိတာ "

"မင်း ငါ့အဖေနဲ့တွေ့ခဲ့တာလား!!!! ဘာတွေပြောခဲ့သေးလဲ!!!!!"

Catherine ၏ ပခုံးနှစ်ဖက်အား လှုပ်ရမ်းကာမေးလိုက်သည်။

"ဒီလိုပါပဲ......သိသင့်သိထိုက်တာလေးတွေပေါ့....ဒါနဲ့ရှင်သိလား..........ရှင်နဲ့ကျွန်မခင်ပွန်းရဲ့အကြောင်းကို တော်ဝင်မျိုးနွယ်တွေသိသွားခဲ့ရင် Easton Park ကတော့ ကျိန်းသေပေါက်သေဒဏ်ပဲထင်တယ်........အိမ်ထောင်ရေးဖောက်ပြန်မှု တော်ဝင်မျိုးနွယ်ကိုဂုဏ်သရေငြှိုးနွမ်းစေမှု ယောကျာ်းတစ်ယောက်နဲ့ မသင့်လျော်တာတွေကိုလုပ်နေတာပါသိရင်..... ရှင်ကတော့နယ်နှင်ဒဏ်လောက်ရမှာပေါ့.......Easton Park ကတော့ သေဒဏ်ပေါ့ "

Catherine က ပြောပြီးတခစ်ခစ်ရီသည်။ Ianသည်မျက်လုံးများပြာဝေလာပြီး Eastonအားပြေးတွေ့ချင်စ်ိတ်ပေါ်လာသည်။ သို့သော်လှောင်ပြုံးပြုံးနေသော Catherine အရှေ့တွင်ဟန်မပျက်အောင်ကြိုးစားရပ်နေရသည်။

"အဲ့ဒါကြောင့်ရှင်ရွေးချယ်လေ........ရှင့်ရဲ့မင်္ဂလာပွဲက်ိုအေးအေးဆေးဆေးလုပ်ပြီး Easton Parkကို အသက်ရှင်လျက်နေခိုင်းမလား ကျွန်မနဲ့တစ်ညအိပ်ပြီး Easton Parkနဲ့ဇာတ်လမ်းဆက်မလား..........နှစ်ခုလုံးကိုငြင်းပယ်ပြီး Easton Park ကို လူလယ်ခေါင်မှာသေမိန့်ကျစေမလား စဥ်းစားနော်...."

Ianသည် မိမိအား သနားစဖွယ်ကြည့်သွားသောCatherine အား ယောကျ်ားသားဆိုပါကမျက်နှာအား အချက်ပေါင်းမြောက်မြားစွာထိုးကြိတ်ပြီးနေလောက်ပြီဖြစ်သည်။ စစ်စခန်းအရှေ့မှ ထွက်ခွာသွားသော မြင်းလှည်းအသံကြားရပြီးနောက်သူလည်းဧည့်တွေ့ဆောင်မှ ထွက်လာကာ ယာဥ် ရပ်နားရာအဆောင်သို့လျှောက်လာခဲ့သည်။ အစောင့်မှုးနှစ်ဦးကIanအား အရိုအသေပေးသည်။Ianကလက်ကာပြကာ

"ဂျစ်ကားတစ်စီးအသုံးပြုချင်ပါတယ်"

အစောင့်မှုး၁ယောက်က အဆောင်အတွင်းသို့ဝင်သွားပြီး ခနအကြာတွင်သော့တစ်ချောင်းယူလာကာ Ianအားပေးလိုက်သည်။ Ianကထိုသော့အားယူကာ စစ်စိမ်းရောင်ဂျစ်ကားများစီတန်းထားသော နေရာသို့သွား၍ သော့တွင်ရေးထိုးထားသော နံပါတ်အတိုင်း ဂျစ်ကားအားရှာကာတွေ့သည်နှင့် ထိုဂျစ်ကားကိုမောင်း၍စစ်စခန်းမှမောင်းထွက်လာခဲ့သည်။

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now