10(uni+Zg)

403 61 12
                                    

လူနှစ်ယောက်ပေါင်းစည်းနိုင်ရန်အတွက် အဓိကလိုအပ်တာကဘာလဲ........ငွေကြေးချမ်းသာမှုလား ဂုဏ်အရှိန်အဝါလား ရုပ်ရည်ချောမောမှုလား ချစ်ခြင်းမေတ္တာတစ်ခုထဲနဲ့ရောပေါင်းစည်းလို့ရနိုင်မလား အထူးသဖြင့် သူတို့လို လိင်တူ ချစ်ကျွမ်းဝင်နေတယ့်သူတွေအတွက် ဘဝနှစ်ခုပေါင်းစည်းဖို့က ဘာတွေလိုအပ်တာလဲ........

ရုပ်ပိုင်းဆိုင်ရာမှာချောမောပြည့်စုံပြီး စိတ်ပိုင်းဆိုင်ရာမှာလည်းနူးညံ့ကြင်နာတတ်တယ့် သူက ဂုဏ်သရေရှိမိန်းမလှလေးတွေနဲ့ပဲ သင့်တော်တယ်မဟုတ်လား။

အကြီးအကဲများနှင့်စကားစမြည်ပြောနေသော Jeon Ianနှင့်သူ၏ဘေးတွင်ရှိသော အစိမ်းနုရောင်ဂါဝန်ဖြင့်မိန်းမလှလေး Lucina အားကြည့်ကာ Eastonသက်ပြင်းအကြိမ်ကြိမ်ချမိသည်။ တစ်ချက်တစ်ချက် မျက်လုံးထောင့်ကတ်ကာလှမ်းလှမ်းကြည့် သည့် Ian၏ အကြည့်များအားလည်းရှောင်ရင်းစိတ်ရှုပ်ထွေးနေရလေသည်။ သူတို့အခုရောက်နေသည်ကတော့ အင်္ဂလန်ပြည်၏ ဘုရင်မ Alexandriana ၏ မွေးနေ့သက်တော်ပြည့်ပွဲသို့ရောက်နေကြခြင်းဖြစ်သည်။ တော်ဝင်မျိုးနွယ်များအပါအဝင် ပြည်နယ်အရပ်ရပ်မှအကြီးအကဲများနိုင်ငံအသီးသီးမှသံတမန်များဖြင့် ဘုရင်မကြီး၏မွေးနေ့ပွဲအားဆင်နွှဲနေကြခြင်းဖြစ်သည်။ အကြီးအကဲNicholas သည် တခြားပြည်နယ်များ၏အကြီးအကဲများနှင့်စကားလက်ဆုံကျနေခဲ့ပြီး Catherine ကတော့နန်း​တော် အတွင်းသို့ရောက်ကတည်းကအစအနရှာမရအောင်ပျောက်သွားသဖြင့် သူတစ်ယောက်ထဲသာကျန်နေခဲ့သည်။ ဘုရင်မကြီး၏မွေးနေ့ဖြစ်တာကြောင့်ဧည့်ခံသည့်အစားအသောက်များမှာ အဆင့်အတန်းမြင့်ကာအရသာရှိလှသည်။

"ကိုယ့်အသည်းညှာ....."

နားထဲသို့ ပူနွေးနွေးလေတချို့နှင့်အတူ နီးကပ်စွာရှုရှိုက်လိုက်ရသည့် ကိုယ်သင်းရနံ့သင်းသင်းလေးကြောင့်နှလုံးခုန်သံမှာအဆမတန်မြန်လာလေသည်။

ဘေးခုံတွင်ဝင်ထိုင်လိုက်သော သူအားကြည့်ကာ

"ပတ်ဝန်းကျင်ကိုဂရုစိုက်ပါ Ian....."

တိုးကြိတ်ကြိတ်ဆိုလိုက်တော့ ပါးချိုင့်ရေးရေးလေးမြင်ရသည်အထိပြုံး၍

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now