6(uni+Zg)

446 65 8
                                    

မာကျူရီမီးသီး မီးလုံးတို့ထွန်းလင်းထားသောကြောင့်ညဘက်တွင်လည်း ပုံစံတစ်မျိုးဖြင့် ထည်ဝါနေသော ရဲတိုက်အဆောက်အဦးဝန်းထဲသို့​ခြေ ချလိုက်သည့်အခါ သူ၏ဆုံးဖြတ်ချက်များ မှားသွားလေပြီသလားဟုတွေဝေမိသွားသည်။ ပခုံးပေါ်သို့ထိတွေ့လာသောအေးစက်စက်လက်တစ်ဖက်ကြောင့် သတိပြန်ကပ်လာသည်။

"အထဲကိုဝင်ရအောင်လေ Easton...... အအေးပက်လိမ့်မယ်"

Ian ၏စကားအားခေါင်းညိတ်ရုံသာထောက်ခံလိုက်ကာ ကျယ်ဝန်းသောခြံအကျယ်ကြီးအား ဖြတ်ကျော်၍အဆောက်အဦးအတွင်းသို့ဝင်လာသည့်အခါ  ဖဲကြိုးအဝါနုရောင်လေးဖြင့်မဟော်ဂနီရောင် ဆံသားတို့အား ခပ်ပွပွစည်းနှောင်ထား၍ နှင်းဆီပန်းအဖြူနှစ်ပွင့််အားနားတစ်ဖက်စီတွင်ပန်ဆင်ထားသောသူမ၏မူပုံစံအတိုင်း ဖိနပ်စီးထားခြင်းမရှိပဲ ရွှံနွံများပေပွနေသော ခြေထောက်ဖြင့်ပြေးလွှားကာရောက်လာသော Camillaက

"ညစာစားဖို့ အကြီးအကဲ၊သခင်မလေးနဲ့ ဧည့်သည်တို့ စောင့်နေတယ်"

တစ်ယောက်ခံစားချက်တစ်ယောက်ဖွင့်ဟပြီးသည့် အချိန်တွင်ရင်ခုန်သံချင်းထပ်တူကျသွားခဲ့ကြပြီး နှုတ်ခမ်း နှစ်စုံဟာလည်း မကြာခနဆိုသလိုထပ်တူကျ ခဲ့သည်။ မြစ်ရေပြင်အားငေးကာ မည်သည့်စကားမှမဆိုပဲဘေးချင်းယှဥ်ထိုင်နေခဲ့သည်မှာ Ianထံမှ နှာချေသံကြားခါမှသာ အိမ်သို့ပြန်ရန် သတိရခဲ့ကြသည်။

"ဪ...... ကိုယ်တို့မြန်မြန်ပြင်ဆင်ပြီးဆင်းလာခဲ့မယ်လို့ သတင်းပါးထားပေးပါ"

Camillaသည် Easton အားတစ်လှည့် Ianအားတစ်လှည့်ကြည့်ကာခေါင်းညိတ်ပြ၍ပြန်ပြေးထွက်သွားသည်။ သူတို့နှစ်ဦးသည်လည်း သက်ဆိုင်ရာအခန်းစီတွင် အဝတ်အစားလဲ၍ကိုယ်လက်သန့်စင်ကာ အောက်သို့ပြန်ဆင်းလာကြသည်။ ထမင်းစားပွဲအရှည်တွင် ထိပ်ဆုံးခုံ၌အကြီးအကဲNicholasကနေရာယူထားပြီး ညာဘက်တွင်Easton.....Easton၏ဘေးတွင်ဇနီးသည် Catherine.....  Eastonနှင့်မျက်နှာချင်းဆိုင်တွင် Alfertဖြစ်ပြီး Alfert၏ဘေးတွင် Jeon Ianဖြစ်သည်။

"နှစ်ယောက်သားဘယ်ကိုပျောက်သွားကြတာလဲ....."

အကြီးအကဲNicholas က စားသောက်နေရင်းမှအမေးစကားဆိုလိုက်သည်။ Nicholas သည် သဘောရိုးဖြင့်မေးလိုက်သော်လည်း မရိုးသားတော့သည့်သူတို့နှစ်ဦးသည် ရုတ်တရက်မေးခွန်းအားဖြေစရာအဖြေပျောက်နေကြသည်။

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now