9(uni+Zg)

388 53 9
                                    

တဒုန်းဒုန်း ထုရိုက်နေသောအသံကြောင့် Camilla တစ်​ယောက် အိပ်ယာထဲမှ ညီးညူစွာထလာခဲ့ပြီး အိပ်ခန်းသစ်သားတံခါးအား ဆူပုပ်စွာဖွင့်လိုက်တော့

"ဟဲ့ အရူးမ! မြန်မြန်ပြင်ဆင်ပြီး အိမ်မကြီးဘက်က်ိုလာခဲ့!!!"

မျက်နှာချေ (မိတ်ကပ်)အား လှပအောင်လိမ်းထားသော  Catherine သည်ရုပ်နှင့်မလိုက်ကြမ်းတမ်းစွာအမိန့်ပေးပြီးနောက် အိမ်မကြီးဘက်သို့ထွက်သွားသည်။ Camillaက နှုတ်ခမ်းဆူကာခြေဆောင့်၍ တံခါးအားစောင့်ပိတ်လိုက်ကာ သန့်ရှင်းရေးလုပ်၍သင့်တော်သောအဝတ်အစားလဲလိုက်သည်။ သူမ၏မ​ဟော်ဂနီ ဆံနွယ်အရှည်အား အပေါ်တစ်လွှာ ဖဲကြိုးအဖြူလေးဖြင့်စီးနှောင်လိုက်ပြီးကျန်တစ်ဝက်အားကျော၌ ဖြန့်ချထားလိုက်သည်။ ကြည်လင်နေသောမျက်နှာလေးမှာ ဆေးသားကူစရာမလိုပေ။ Catherine က တော်ဝင်ပန်းဆိုလျှင် Camilla က တောရိုင်းပန်းလေးဖြစ်သည်။သူမတို့ နှစ်ဦးလုံးတွင်ကိုယ်ပိုင်အလှတရားကိုယ်စီရှိကြသည်။

Catherine သည်သူမ၏အနားသို့လျှောက်လာသော Camillaအား

"မြန်မြန်လာစမ်း အစေခံမ!!! နင့်အဒေါ်ဆီမှာ ငါတောင်းခိုင်းတာတွေသွားယူပြီးလိုက်ခဲ့!!!"

Camillaသည် မည်သည့်စကားမှမဆိုပဲမီးဖိုဆောင်ထဲသို့ ဝင်သွားပြီး အလုပ်ရှုပ်နေသော မစ္စစ်Bella၏အနားသို့သွားလိုက်ကာ

"စုန်းမကြီးက သူတောင်းထားတာတွေလာယူခိုင်းလို့.....အား!! နာတယ်!!!"

Camillသည် သူမ၏ဗိုက်သားချပ်ချပ်လေးအားလက်ဖြင့်ပွတ်ကာ မစ္စစ်Bellaအား အော်လိုက်သည်။ မစ္စစ် Bellaက Camilla၏ပါးစပ်အားလက်ဖြင့်လှမ်းပိတ်ကာအံကြိတ်သံဖြင့်

"နင်ကတော့လေ... ဟိုကသိရင် အရိုက်ခံနေမယ်သိလား......ပါးစပ်ကစည်းကမ်းမရှိ"

"ဖယ်ပါ နံတယ်.....ရွံစရာကြီး...... "

Camillaက မစ္စစ်Bella၏လက်အားဖယ်ကာပြောလိုက်သည်။ မစ္စစ် Bellaသည် သူမ၏တူမအား မနိုင်တော့သည့်ပုံဖြင့်ကြည့်ကာ စက္ကူအိတ်ဖြင့်ထုတ်ပိုးထားသောအထုတ်၅ထုတ်အား စားပွဲပေါ်တင်ပေးလိုက်သည်။

"ဒါတွေက နင်သယ်ပေးရမှာလား"

"ဘယ်သိမလဲ"

"သယ်ရမယ်ဆိုလည်းသေချာသယ်......ဒါကဆေးမြစ်တွေရယ် တန်ဖိုးကြီးတယ့်အစားအစာတွေရယ် မှောက်ကျရင်နင်အသတ်ခံရလိမ့်မယ် တစ်ယောက်ထဲရောနိုင်ရဲ့လား"

မှားခဲ့လေသော ကံကြမ္မာ (Completed )Onde histórias criam vida. Descubra agora