11(uni+Zg)

377 62 11
                                    

နေရောင်ခြည်နုနု က ကမ္ဘာမြေပြင်ပေါ်ဖြန့်ကျက်လာတယ့်အချိန်တွင် ဗြိတိန်မြို့သည် လည်းသက်ဝင်လှုပ်ရှားလာလေသည်။ ကတ္တရာလမ်းလေးထက်ဝယ် မြင်းလှည်းများ လန်ချားသမားများ တွန်းလှည်းသမားများ သွားလာလှုပ်ရှားနေသော အမျိုးသမီး၊ အမျိုးသားများဖြင့်စည်ကားနေတော့သည်။ ထိုလူအစုတို့အားရှောင်ကာဖယ်ကာဖြင့် ဂါဝန်အစအားလေပေါ်ဝဲလွင့်စေရန်ခုန်ပေါက်ကာ ပေါ့ပါးသောခြေလှမ်းများဖြင့် ကတ္တရာလမ်းမထက်ဝယ် ဖိနပ်မစီးထားသောခြေဖဝါးပါးလျလျလေးက လိုရာခရီးအားတက်ကြွစွာ သီချင်းလေးညည်းရင်း သွားနေလေသည်။

"စာ"

စာပေးစာယူလုပ်ရန်တန်းစီနေသောလူအုပ်စုအားကျော်ကာ ထိပ်ဆုံးရှိလူ၏ဘေးတွင်ရပ်၍ခပ်တည်တည်နှင့်ပျော်လိုက်သည်။ ထိုအခါစာပို့သမားက အထပ်လိုက်ရှိနေသောစာအိတ်များထဲမှ ရှာကာ

"ရော့!! ဘယ်တော့မှတန်းမစီနဲ့ နင်!!"

Camillaသည် ထိုစာအိတ်အားယူကာ မျက်စောင်းဝင့်လိုက်၍

"အို.....တစ်ခါတစ်လေမှလာတာ တန်းစီစရာလား......နေ့တိုင်းလာတယ်ဆိုတမျိုးပေါ့.....ဒါနဲ့ရှင်ရော ခြေထောက်ကသက်သာရဲ့သားနဲ့ဘာလို့လိုက်မပို့တော့တာလဲ အချောင်ခိုတာလား"

စာပို့သမားက Camilla၏ ချေပစကားအားပြန်လည်မချေပနိုင်သည့်အခါ ချောင်းတစ်ဟန့်ဟန့်ဖြင့်

"သွား သွား....ယူပြီးပြီဆိုလည်းသွားတော့.....အရူးမ!"

"ဟွန့်!"

စာအိတ်အညိုလေးအားလက်ထဲကျစ်ကျစ်ပါအောင်ကိုင်လာရင်းအိမ်ပြန်လမ်းအား ခြေလှမ်းသွက်စွာလျှောက်လာသောCamillaသည် လမ်းဘေးရှိ မုန့်ဆိုင်တန်းများအားငေးရန်လည်းမမေ့။ လူတို့၏လှုပ်ရှားသွားလာမှုကိုလည်းငေးကြည့်ရန်မမေ့ပေ။

"အို့!!"

မြင်းလှည်းသမားတစ်ဦးက သူ၏မြင်းအား အစာကျွေးနေသည်ကိုငေးရင်းလျှောက်နေရာမှ အရှေ့ကလူအားအနောက်မှဝင်တိုက်မိသွားသည့်အတွက်အရှေ့မှမိန်းကလေးသည် မြေပြင်ပေါ်သို့မလဲကျသွားသော်လည်း ယိုင်ကျသွားသည်။

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now