12(uni+Zg)

350 59 16
                                    

နေ့မှရက် ရက်မှလသို့ကူးပြောင်းလာပြီးနောက် Easton Park နှင့် Jeon Ianတို့၏ဆက်ဆံရေးသည် စာပေးစာယူဖြင့်သာ ချစ်ချင်းမေတ္တာများ တရိပ်ရိပ်တိုးပွားလာလေသည်ကအံ့ဩစရာပင်။ မမြင်မတွေ့ရပါပဲ ဝါကြင့်ကြင့်စာရွက်ပေါ်မှ စာလုံးလေးတွေဖြင့်သာ တစ်ယောက်နှလုံးသားကိုတစ်​ယောက်ချည်နှောင်နေခဲ့သည်မှာ အနက်ရှိုင်းဆုံးနေရာအထိချည်နှောင်နေပြီးဖြစ်သည်။ ကျွမ်းကျင်ရာ မုန့်ဖုတ်သည့်အတတ်ပညာဖြင့် သူ၏တပ်စုမှုးအားတစ်ပတ်တစ်ခါမရိုးနိုင်သောကွတ်ကီးမျိုးစုံအားပြုလုပ်ပေးကာလူကြုံပါးလေရှိသည်။ အခုလည်း ထောပတ်ကွတ်ကီးပြုလုပ်ပေးရန် ဂျုံမှုန့်ဖျော်နေရင်းမှ ပီတိအပြုံးတွေကဖုံးမရဖိမရပင်ဖြစ်နေသည်။ ဂျုံ့ဖျော်ပြီးသား ဇလုံထဲသို့ကြက်ဥများခွဲထည့်နေစဥ် မီးဖိုဆောင်ထဲသို့ဝင်လာသော မစ္စစ်Bella က

"လူကြီးမင်း Alfertရောက်နေပါတယ် သခင်လေး....."

ကြက်ဥနှစ်လုံးအားလက်တစ်ဖက်စီတွင်ကိုင်ထားရင်းမှ Easton က တခနအံ့အားသင့်သွားပြီး

"ယောက္ခမက အစည်းအဝေးပွဲသွားတယ်မဟုတ်ဘူးလား....."

"သခင်လေးနဲ့ တွေ့ချင်တာပါတယ့်"

မစ္စစ် Bella၏ စကားကြောင့် Easton ၏ကိုယ်လုံးတောင့်သွားသည်။ ထို့နောက်အသက်အားပြင်းပြင်းတစ်ချက်ရှု၍ လေပူမှုတ်ထုတ်လိုက်ပြီး

"ဟုတ်ကဲ့ ကျွန်တော်တွေ့လိုက်ပါဦးမယ်"

လက်ထဲမှကြက်ဥ နှစ်လုံးအား စတီးဇလုံထဲတွင်ထည့်၍ အေပရွန်အားချွတ်လိုက်ကာအဝတ်အစားတွင်ကပ်နေသောဂျုံမှုန့်များအားလက်ဖြင့်ခါ၍ အိမ်မကြီးဘက်သို့ထွက်လာခဲ့သည်။ ဧည့်ခန်းတွင်ထိုင်နေသော Alfertက Eastonအားတွေ့သည့်အခါ မတ်တပ်ရပ်လိုက်ပြီး ပြုံးပြသည်။ Eastonသည်လည်း ပြန်လည်ပြုံးပြ၍အနားသို့သွားကာ

"မင်္ဂလာပါ ဦးလေး Alfert....."

"မင်္ဂလာပါကွယ်......ဦးလေးတို့ ခြံထဲလမ်းလျှောက်ရင်းစကားပြောကြမလား....."

Alfert၏ မျက်နှာသည် ပြောစရာအများအပြားရှိနေသည့်ပုံပေါက်သောကြောင့် Eastonက စိုးရိမ်မိသွားသည်။ သူ၏စိတ်ထဲတွင်လည်း မကောင်းသောအငွေ့အသက်များအားခံစားနေရမိသည်။

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now