14(uni+Zg)

402 62 12
                                    

နေသာ၍ ကောင်းကင်ကြည်လင်ကာရာသီဥတုသာယာနေသော မနက်ခင်းတစ်ခု၌ ရာသီဥတု နှင့်ဆန့်ကျင်ဘက်ဖြစ်စွာ Easton၏မျက်နှာမှာ ပြိုတော့မည့်မိုးကဲ့သို့ဖြစ်နေသည်။ ဝိုးတဝါးသာမြင်ရသော ကြေးမှုံ မှန်အရှေ့တွင် အဆုံးသတ်ပြင်ဆင်ခြင်းအနေဖြင့် ကုတင်ပေါ်ရှ်ိခေါင်းအုံးအောက်တွင် ထား ထားသောပန်းခိုင်လေးတစ်ခိုင် အတိအကျဆိုရရင်တော့ baby breath ပန်းခိုင်လေးတစ်ခိုင် နွမ်းလျနေပြီဖြစ်သောထိုပန်းခိုင်လေးအား အင်္ကျီဘယ်ဘက်ရင် ဘက်ရှိအိပ်ကတ်ထဲသို့ထည့်လိုက်ပြီး သူ၏အိပ်ခန်းထဲမှအောက်ထပ်သို့ဆင်းလာသည်။ ဧည့်ခန်းထဲတွင်စောင့်နေသော အကြီးအကဲNicholas သည် Eastonအား မျက်နှာမကောင်းစွာကြည့်၍ နွမ်းလျစွာပြုံးပြလာသည့်အတွက် Eastonသည်လည်း အလိုက်သင့်ပြန်လည်ပြုံးပြလိုက်သည်။

"အဆင်သင့်ဖြစ်ရင်သွားကြရအောင် Easton....."

အကြီးအကဲ Nicholas က ပြောပြီး အိမ်အပြင်သို့ထွက်သွားကာ မြင်းရထားလှည်းပေါ်သို့တက်သွားသည်။ Eastonသည်လည်း အနောက်မှလိုက်တက်ကာ အကြီးအကဲNicholas ဘေးတွင်ဝင်ထိုင်လိုက်သည့်အခါ တိုးညှင်းသည့်လှောင်ရီသံအား ကြားရသည်။ တရားခံမှာတော့သူ၏မျက်နှာချင်းဆိုင်တွင်လက်ပိုက်ကာထိုင်နေသော ဇနီးသည် Catherine ဖြစ်သည်။ အကြီးအကဲNicholas က Catherine အား စူးရဲစွာစိုက်ကြည့်လိုက်ပြီး

"ငြိမ်ငြိမ်နေလိုက် Catherine! "

Eastonက သက်ပြင်းချကာ မျက်နှာလွှဲထားလိုက်သည်။ ရထားဘီးစလှိမ့်သည်နှင့် Easton၏ အတွေးတို့သည်လည်း မနေ့သို့ပြန်ရောက်သွားတော့သည်။

=========================

// Catherine နှင့်စကားများပြီးနောက်တစ်နေ့မနက်ခင်း ဝေလီဝေလင်းအချိန်တွင် အိမ်အစေတစ်ယောက်၏တံခါးခေါက်သံနှင့်အတူ

"သခင်လေး Eastonရှင့်......ဧည့်သည် Jeon Ian ရောက်နေပါတယ်"

အိပ်ချင်နေသော စိတ်များတဟုန်ချင်းလွင့်ပျယ်ကာ ကုတင်ပေါ်ငုတ်တုတ်ထထိုင်မိလိုက်ပြီး အသိစိတ်ကပ်သည်နှင့် အခန်းတံခါးအားပြေးဖွင့်လိုက်၍

"ဘယ်သူရောက်နေတာ?"

"သခင်လေး Jeon Ian ရောက်နေတာပါ"

မှားခဲ့လေသော ကံကြမ္မာ (Completed )Tempat cerita menjadi hidup. Temukan sekarang