16(uni+Zg)

397 55 9
                                    

အဖျားငွေ့တက်နေသော ကိုယ်အားဂရုမစိုက်စွာအိပ်ယာထဲမှထလာခဲ့သည်။ ပူရှိန်းရှိန်းခန္ဓာကိုယ်က အိပ်ယာထဲတွင်သာနေရန်အချက်ပြနေသော်လည်း သူမအိပ်ခန်းထဲမှထွက်လာခဲ့ပြီး ရေချိုးဆောင်တွင်ခြေလက်မျက်နှာဆေးကာသန့်ရှင်းလိုက်သည်။ အိပ်ခန်းထဲသို့ပြန်ဝင်လာပြီးနောက် သူမ၏အဝတ်ဘီဒိုဖွင့်ကာအောက်ဆုံးအဆင့်တွင် သိမ်းဆည်းထားသော ကြိမ်ခြင်းဖာတောင်းလေးအားထုတ်လိုက်သည်။ ထိုကြိမ်ခြင်းထဲမှ ငုဝါရောင်ဂါဝန်လေးအားထုတ်၍ ဝတ်ဆင်လိုက်သည်။ ရှုပ်ပွနေသောဆံနွယ်တွေအား သေသပ်အောင် ငါးရိုးကျစ်ဆံမြီးကျစ်လိုက်ကာ သိမ်းဆည်းထားသော နီညိုရောင်ဖိနပ်လေးအားဝတ်ဆင်ကာ မီးဖိုဆောင်ဘက်သို့ထွက်လာခဲ့သည်။

မီးဖိုဆောင်ထဲတွင် သန့်ရှင်းရေးလုပ်နေသောမစ္စစ် Bellaသည် Camilla ၏ သပ်ရပ်နေသောပုံအားအံ့ဩတကြီးဖြင့်ကြည့်နေသည်။ Camillaက စားပွဲတွင်ဝင်ထိုင်လိုက်ပြီး

"ကျွန်မကို မနက်စာနဲ့ဆေး ပေးပါ"

အသံမှာ အားနည်းမှုများကအထင်းသားပင်။ မစ္စစ်Bellaက Camillaအနားသို့ပြေးလာ၍ နှဖူးအား အပူချိန်စမ်း၍

"ကိုယ်တွေပူနေသေးတာကို အိပ်ယာလှဲနေလေ.....ဒါကဘယ်သွားဆော့မလို့လဲ"

"ဗိုက်ဆာတယ်လို့!"

Camillaက ဆူအောင့်အောင့်ပြောလိုက်သည်။ မစ္စစ် Bellaက မျက်စောင်းထိုး၍ နွားနို့နှင့်ပေါင်မုန့်အားပြင်ပေးသည်။ Camillaက ပေါင်မုန့်အားတတိတိ ကိုက်ကာ

"အကြီးအကဲတို့က သွားကြပြီလား...."

မစ္စစ် Bellaသည် Camillaအတွက် ဆေးကြိုနေရင်းမှ

"သွားပြီလေ...."

"အဒေါ်...."

"အင်း...."

Camillaက နွားနို့အားကုန်စင်အောင်သောက်လိုက်ပြီး နှုတ်ခမ်းအားအင်္ကျီလက်ဖြင့်သုတ်ကာ

"ဟိုးတစ်ခါလေ........အကြီးအကဲရဲ့ညီဆိုတာရှိတယ်မလား.......တိုင်စရာရှိရင်သူ့ကိုတိုင်လို့ရတယ်လေ........သူကတဆင့်ဘုရင်မကြီးကိုပြန်ပြောပြတာလေ......."

မစ္စစ် Bella က ဆေးခွက်အားယူလာ၍ စားပွဲပေါ်တင်ပေးကာ

"ဘာလုပ်ဖို့မေးတာလဲ "

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now