4(uni+Zg)

481 72 18
                                    

ကိုယ်တို့တွေကံကြမ္မာကို ပြန်ပြင်ရေးဖြစ်မယ်ဆိုရင်.....
မင်းက ကိုယ့်အပိုင်လို့ပြောပေးပါ.....
ဘယ်အရာကမှ ကိုယ်တို့တွေကိုမခွဲထားနိုင်ပါဘူး
မင်းက ကိုယ်ရှာဖွေနေတယ့်တစ်ဦးတည်းသောသူပါ.....အဲ့ဒါက မင်းနဲ့လည်း သက်ဆိုင်သလို......
ကိုယ်နဲ့လည်းသက်ဆိုင်တယ်......
ကိုယ်တို့ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး......ဒါတောင်ကိုယ်တို့တွေ ကံကြမ္မာကိုဘာလို့ပြန်ပြင်မရေးတာလဲ...... ကမ္ဘာကြီးကလည်းကိုယ်တို့ အပိုင် ဖြစ်လာနိုင်တာပဲလေ......
ဒီညမှာ.......

Rewrite The Stars- James Author, Anne Marie

========================

​ပြတင်းပေါက် လိုက်ကာစအနောက်မှ ပန်းခြံထဲရှ်ိသူအား ချောင်းကာကြည့်နေမိသည်။ ထိုနေ့ညမှစ၍သိသိသာသာ  ရှောင်နေသူက ၃ရက်ပင်ရှ်ိနေလေပြီဖြစ်သည်။ အနားသို့သွားရန်ချဥ်းကပ်လိုက်တိုင်း တစ်ခုမဟုတ်တစ်ခုအကြောင်းပြကာရှောင်ပြေးသွားသူအား ချုပ်ကာမေးကြည့်ဦးမည်။ ဘာအပစ်တွေလုပ်ထားမိလို့ရှောင်နေရသလဲဆိုတာကို.......။

ပန်းပင်တွေအားရေလောင်းနေသော သူ၏ဘေးတွင် Camilla ဆိုသည့်အမျိူးသမီးလည်းရှိနေသေးသည်။ နောက်ရက်အနည်းငယ်ကြာလျှင် အိုင်ယာလန်သို့ပြန်ရတော့မည်ဖြစ်သောကြောင့်တိကျသောအဖြေနှင့် မပြောမဖြစ်စကားလုံးများအားအပြီးသတ်ပြောသွားရမည်ဖြစ်သည်။ ခြံဝန်းကြီးထဲသို့ဆင်းလာကာ ပန်းခြံဘက်သို့လျှောက်လာလိုက်သည့်အခါ ဆံသားမဟော်ဂနီအရောင်အား နှစ်ဖက်ခွဲ၍ကျစ်ဆံမြီးပွပွကျစ်ထားကာ ကာကီရောင်ဒူးအောက်ဝါဝန်ဖြင့် ဖြူစုတ်နေသောCamilla က ခေါင်းငုံ့ကာအရိုအသေပေးသည်။ ခေါင်းညိတ်ပြကာအသိအမှတ်ပြုလိုက်ပြီးနောက် အနားသို့ရောက်လာသည်ကိုသတိမထားမိသေးသောသူအား

"Easton......"

လက်ထဲတွင်နှင်းဆီပန်း အနည်းငယ်ကိုင်ထားသောသူသည် အလန့်တကြားလှည့်ကြည့်လာသည်။

"ပန်းခူးနေတာလား"

"ဟုတ်တယ်....... အခန်းထဲကပန်းတွေကနွမ်းနေပြီလေ"

Eastonက သူ၏လက်ထဲမှနှင်းဆီရဲရဲလေးတွေအားငုံ့ကြည့်ကာပြောလိုက်သည်။

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now