ဆုံတွေ့ခဲ့သောရက်အနည်းငယ်လေးအတွင်းမှာ မဖြစ်နိုင်တယ့်သံယောစဥ်ကြိုးနှစ်ချောင်းကိုချည်နှောင်ခဲ့ကြပြီး အခုခနတာခွဲခွာရမည့်အချိန်တွင်မမြင်ရသောကြိုးလေးများက တစ်ယောက်နှလုံးသားတစ်ယောက်လွန်ဆွဲနေသဖြင့် မခွဲနိုင်ဖြစ်နေလေရသည်။ အသင့်ရောက်နေပြီဖြစ်လေသောရထားလုံးအား ကြည့်ကာ Ianသက်ပြင်းချလိုက်ပြီး သူ၏ဘေးမှ Easton၏အနားသို့ကပ်ကာ နှစ်ကိုယ်ကြားလေသံဖြင့်တီးတိုးပြောလိုက်သည်။
"ကိုယ့်ကို ကြေးနန်းပို့နော်.......ဟိုမှာအစည်းအဝေးတက်ပြီးရင် ဒီမှာတာဝန်ထမ်းဆောင်ဖို့ပြန်လာရမယ်လို့တော့သတင်းရထားတယ်.......ကိုယ်ပြန်လာခဲ့မှာမလို့ အတွေးတွေမလွန်နဲ့နော်"
Eastonသည် သူ၏အရှေ့တွင်မျက်လုံးလေးပြူးကာနှုတ်ခမ်းတစ်ထော်ထော်ရှင်းပြနေသောအိုင်ယာလန်ကျွန်း၏တပ်စုမှုးအားကြည့်ကာ ပြုံး၍
"ဟုတ်ပါပြီ......ခရီးလမ်းဂရုစိုက်နော်"
"အမိန့်အတိုင်းပါ.....ကိုယ့်အသည်းညှာ "
"အို....."
Eastonသည် ပါးနှစ်ဖက်နီမြန်းလာကာဘေးဘီသို့ကြည့်လိုက်ပြီး Ian အား မျက်စောင်းခဲလိုက်သည်။ Ianက ထိုပုံစံအားသဘောကျကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။ ညွတ်တက်သွားသောမျက်ဝန်းဝိုင်းလေးများ၏ထောင့်စွန်းနှင့်ထွက်ပေါ်လာသော သွားတန်းဖြူဖြူညီညီလေးတွေဖြင့် ပြုံးပြလာသောအပြုံးချိုသည့် တပ်စုမှုးအားငေးကနဲဖြစ်သွားမိသည်။
"ကိုယ်က ကြည့်ကောင်းတယ်မလား"
"သာမန်ပါပဲ...."
Easton၏ အဖြေအား အားမရသည့်ပုံစံဖြင့်Ianက မျက်နှာမဲ့လိုက်သည်။ သူတို့နှစ်ဦး၏အနားသို့ Alfertနှင့်အကြီးအကဲ Nicholas ကရောက်လာသည့်အတွက် အရိုအသေပေးလိုက်သည့်အခါ Alfertက
"နှုတ်ဆက်ပါတယ် Easton Park...."
"ဟုတ်ကဲ့ပါ......လမ်းခရီးဖြောင့်ဖြူးပါစေဗျ"
"ကျေးဇူးပါကွယ်.......ကဲဒါဆို ငါတို့သွားမယ် Nicholas...... နောက်များလမ်းကြုံရင် ထပ်တွေ့ကြတာပေါ့"
"ကောင်းပါပြီ"
Alfertသည် Nicholasအား လက်ဆွဲနှုတ်ဆက်၍ ပွေ့ဖက်လိုက်ပြီး Eastonကိုလည်း ထိုနည်းအတိုင်းနှုတ်ဆက်ကာ ရထားလုံးပေါ်သို့တက်သွားသည်။ Ianသည်လည်းအကြီးအကဲNicholasနှင့်ပွေ့ဖက်နှုတ်ဆက်ပြီးနောက် Easton အားပွေ့ဖက်လိုက်၍ နားအနားသို့ကပ်ကာ
![](https://img.wattpad.com/cover/354547632-288-k219463.jpg)
YOU ARE READING
မှားခဲ့လေသော ကံကြမ္မာ (Completed )
Short Story"ဒီတံတားကိုသာကျော်ဖြတ်နိုင်ရင် ကိုယ်တို့ထာဝရပေါင်းဖက်လို့ရပြီ Easton Park " "ငါ....မလုပ်နိုင်ဘူး Jeon Ian.....မဖြစ်နိုင်ဘူး....ငါတို့နှစ်ယောက်ကမဖြစ်နိုင်ဘူး" "မဖြစ်နိုင်တာမရှိပါဘူး.....မဖြစ်သေးတာပဲရှိတာပါ.....ကိုယ့်ကိုယုံကြည်ပြီး ကိုယ့်လက်ကိုဆွဲလို...