8(uni+Zg)

385 60 11
                                    

ကိုယ်တို့နှစ်ယောက်ကိုအရူးလို့ပြောရင်လည်းပြောပါစေကိုယ်ဂရုမစိုက်ပါဘူး........
မင်းလက်လေးကိုဆုပ်ကိုင်ထားလိုက်ပြီနောက်ပြန်လှည့်မကြည့်နဲ့တော့ Babe.......
ကမ္ဘာကြီးပေါ်ကလူတွေ ကိုယ်တို့ကိုပြိုလဲအောင်လုပ်ချင်ရင်လုပ်ပါစေ........
ကိုယ်တို့နှလုံးသားချင်းနားလည်မှုရှိရင်ကျော်သွားနိုင်ပါတယ်..........
လောကဒဏ်ကိုကြံ့ကြံ့ခံအံတုရင်း ကိုယ်တို့အိမ်မက်လေးကိုအတူတူအကောင်အထည်ဖော်ကြမယ်........ ကိုယ်တို့ကိုဘယ်သူမှမတားဆီးနိုင်ပါဘူး.............။

Starship- Notting Gonna Stop Us Now

==================

အညိုရင့်ရောင်ကြေးနန်းစာလေးအားကြည့်အား သီချင်းညည်းနေသော Ian၏ အနားသို့Alfert က လျှောက်လာကာ

"ဘယ်သူ့ဆီကကြေးနန်းစာလဲ သား"

"ဗြိတိန်ကပါ"

Ian သည် ကြေးနန်းစာအားဟန်မပျက်မြန်မြန်ခေါက်၍ အင်္ကျီရင်ဘက်အိပ်ကတ်ထဲသို့ထည့်လိုက်သည်။

"ဗြိတိန်တောင်ပိုင်းကိုပြန်သွားရမယ်ဆို"

"ဟုတ်တယ်........တောင်ပိုင်းမှာစစ်သင်တန်းပေးရမယ်ပြောတယ်........"

Alfertသည် ခေါင်းတစ်ညိတ်ညိတ်ဖြင့် Ianအားကြည့်ကာ

"ဒီတစ်ခါတာဝန်ပြီးရင် ကြင်ဖက်တွေ့ကြည့်ပါလား........ တောင်ပိုင်းက ကုန်သည်ကြီး မစ္စတာLoganက သူ့သမီးကညာ မစ္စစ်Lucinaနဲ့ ကမ်းလှမ်းချင်နေတယ်"

"Lucina......."

"အသိလား"

Ian သည် တွေးတောဟန်ဖြင့်

"နာမည်ကကြားဖူးနေလို့ပါ......ပြီးတော့ကျွန်တော်ကြင်ဖက်မတွေ့နိုင်ဘူး......."

"အကြောင်းပြချက်က?"

ဖြေရခက်သွားသော Ian က မျက်နှာလွှဲ၍ခေါင်းငုံ့လိုက်ကာ

"လုံးဝကြင်ဖက်မတွေ့နိုင်ဘူး ကျွန်တော့်ဆန္ဒမပါပဲ မစီစဥ်ပါနဲ့"

Alfertသည် သားဖြစ်သူအားကြည့်ကာဝမ်းနည်းမိသော်လည်း

"သေသွားတယ့်မင်းအမေရဲ့ ဆန္ဒပဲ Anastasia ကို ငါကတိတွေပေးခဲ့တယ် Ian...... သူမကို စိတ်ဖြောင့်ဖြောင့်အသက်ထွက်နိုင်အောင်ပေးခဲ့တယ့်ကတိတွေကို အခုမတည်ပဲထားရင် အပစ်ရှိတယ်လို့မခံစားရစေဘူးလား"

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now