15(uni+Zg)

360 52 1
                                    

ဂျစ်ကားစစ်စိမ်းရောင်လေးက ဆိပ်ကမ်းမှတဆင့် မြ်ို့တော်အတွင်းသို့ပြန်လည်မောင်းနှင်လာသည်။ ညနေ နေဝင်ရီတရောဖြစ်သည့်အချိန်အတွက် ချမ်းစိမ့်စိမ့်ရာသီဥတု နှင့်အညီ ကားထဲရှိလူနှစ်ဦး၏ အခြေအနေမှာလည်းအေးစက်စက်ပင်။ ကားလေးသည် အကြီးအကဲNicholas ၏ အိမ်တော်သို့မရောက်ခင် စျေးလမ်းလေးတွင်ခေတ္တရပ်လိုက်သည်။ ကားပေါ်မှအလျင်စလိုဆင်းသွားသည့် Ianအား Eastonအသံတိတ်ပင် ကြည့်နေမိသည်။ Ianသည် ကားပေါ်မှဆင်း၍ ဆိုင်တစ်ချို့တစ်လေသာရှိတော့သော စျေးလမ်းလေးထိပ်တွင် ဖွင့်ထားသောပန်းဆိုင်သို့သွားကာ ထုတ်ပိုးထားသည့်ပန်းစည်းများအားကြည့်လိုက်သည်။

"ဘာလိုချင်လို့ပါသလဲ သခင်လေး....."

စျေးသည်မိန်းကလေးက မေးလာသည်။ Ianက ပန်းရောင်စုံကြားထဲမှ စက္ကူအညိုဖြင့်ထုတ်ပိုးထားသော Baby Breath ပန်းစည်းလေးအားကိုင်လိုက်၍

"ပန်းတစ်ခိုင်ပဲလိုချင်တယ်......လိုသလောက်ဒင်္ဂါးပြောပါ"

စျေးသည်မိန်းကလေးက Ianအား ထူးထူးဆန်းဆန်းကြည့်ပြီးနောက် ပန်းစည်းထဲမှ ပန်းတစ်ခတ်အားထုတ်ယူပေးလိုက်၍

"ဒင်္ဂါးပြားပေးစရာမလိုပါဘူး သခင်လေး"

သို့သော် Ian က သူ၏ဘောင်းဘီအိပ်ကတ်ထဲရှိဒင်္ဂါးအိတ်ထဲမှ ဒင်္ဂါးလက်တစ်ဆုပ်အားယူကာ စျေးသည်မိန်းကလေးအားကမ်းပေး၍ ကားရှိရာသို့ထွက်လာလိုက်သည်။ အနောက်ပါးမှ စျေးသည်မ်ိန်းကလေး၏ကျေးဇူးတင်စကားသံအားကြားရသည်။ ကားပေါ်တွင်နေရာယူ၍ ထိုပန်းခတ်လေးအားသူ၏အင်္ကျီအိပ်ကတ်ထဲသို့ထည့်လိုက်ပြီး Eastonအား ပြုံးပြလိုက်သည်။

ထို့နောက်ကားလေးအား အကြီးအကဲNicholas ၏အိမ်တော်သ်ို့မောင်းနှင်လိုက်သည်။ ခြံဝန်းနှင့်နီးကပ်လာသည်နှင့်အမျှ ရင်ထဲ၌စို့တက်ကာဝမ်းနည်းမှုတို့ကအလုံးလိုက်အရင်းလိုက်ပင် ဝင်ရောက်လာသည်။

Easton သည် ကားမောင်းနေသည့်Ianအား ငေးကြည့်ကာ အိမ်တော်သို့မြန်မြန်ပြန်မရောက်စေရန်ဆုတောင်းနေမိသည်။ သို့သော်ဆုတောင်းမပြည့်ခဲ့........အကြီးအကဲNicholas ၏ ခြံဝန်းအရှေ့တွင် 'ကျွီ' ခနဲရပ်လိုက်သော ဂျစ်ကားလေးကြောင့် Eastonကြိတ်ကာ သက်ပြင်းချလ်ိုက်သည်။ Eastonသည် ကားပေါ်မှဆင်းရန်တုံ့ဆိုင်းနေမိသည်။

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now