လက်ဆောင် 🎁²

586 51 0
                                    

"ဟေး fot ရောက်လာပြီလား"

"အင်း ဒီနေ့စောရောက်နေတယ်နော်"

"ဟုတ်တယ်... ဒီနေ့ ဘာအစီအစဉ်ရှိလဲ"

"ငါလား၊ ထွေထွေထူးထူးမရှိပါဘူး"

"ဒါဆို ညနေ ညစာသွားစားကြမလား၊ မြို့ထဲကဆိုင်တခုခုမှာပေါ့။ ဘယ်ဆိုင်ကောင်းလဲငါသိတယ်"

"အင်း...နှစ်ယောက်ထဲလား?"

"နှစ်ယောက်ထဲပေါ့ကွာ၊ ခေါ်ချင်တဲ့သူရှိလို့လား"

"မရှိပါဘူး၊နှစ်ယောက်တည်းကျ...."

"ဟေ့ ဘာတွေပြောနေကြတာလဲ"

"ဘာမှမဟုတ်..."

"Phuwinက ဒီညနေ ညစာသွားမလို့တဲ့၊ လိုက်ခဲ့မလား"

"အိုဟိုး...တစ်ယောက်ယောက်ကလိုက်စေချင်ပါ့မလားလေ"

"လိုက်စေချင်ပါတယ်ကွာ၊ အချင်းချင်းပဲ"

"ဟုတ်လို့လားကွ၊ Phuwinက အသံတောင်မထွက်ဘူး"

"အာ လိုက်ချင်.. လိုက်ချင်ရင်လိုက်ခဲ့လေ"

"ဒါဆိုလဲသွားကြတာပေါ့၊ ကျောင်းကနေ တန်းသွားကြမှာလား"

"အေး၊ အဲ့လိုပဲလုပ်ကြမယ်"

"ရတယ်လေ"

Phuwinဆိုတာ ဒီနှစ်မှ ကျောင်းကိုပြောင်းလာတဲ့ အတန်းသားအသစ်လေ။ သူကဖော်ရွေတယ်၊အပေါင်းအသင်းလုပ်လို့ကောင်းတယ်။ ရိုးသားတဲ့ထဲလဲပါတယ်။

နောက်တယောက်ကတော့ Pond သူကနောက်ချော်ချော်နဲ့၊ ဘယ်အရာမှ အတည်ယူမရဘူး။ခင်ဖို့တော့ကောင်းတယ်၊ သူကအမြဲရီနေရတယ်။

ကျတော့်မှာ သူငယ်ချင်း များများစားစားရယ်လို့မရှိပါဘူး။ ကျတော်ကသီးသန့်ကြိုက်တယ်။အရင်ကတော့ သူငယ်ချင်းများတယ်၊ အရင်ကအရမ်းချစ်ရတဲ့သူငယ်ချင်းရှိတယ် သူကတော့ အတုအယောင်ကြီးဖြစ်နေခဲ့တယ်။

စကားမစပ် ကျတော်က ဗိသုကာ ကျောင်းသားဗျ။ ကျတော်က အဆောက်အအုံဟောင်းကြီးတွေကိုကြိုက်တယ်။ အဆောက်အအုံဟောင်းကြီးတွေက လေးလေးနက်နက် vibeကိုပေးနိုင်လို့ သဘောကျတယ်။

ကျတော်မှာ အိမ်မက်တစ်ခုရှိတယ်။ အဲ့တာက ကျတော်မက်နေကျ အိမ်မက်ထဲက ရှေးဟောင်းအိမ်ကြီး... ထိုအိမ်ကြီးကိုရှာဖွေရန်။

Married To The Death ManWhere stories live. Discover now