လှည့်ကွက်⭕²⁴

136 19 4
                                    

"ညီတော်...မင်းသေချာရဲ့လား"

"သေချာတယ်၊ ငါကမပိုင်ရင်မလုပ်ဘူး၊ မင်းလိုမဟုတ်ဘူး"

"မင်းကလည်း သူတို့က သာမာန်မှမဟုတ်တာ၊ သူတို့‌သွေး တစ်ခါစုပ်လိုက်ရင် ငါတို့အမျိုးပြုတ်လို့ရတယ်နော်"

"မင်းကဘာကိုကြောက်နေတာလဲ အကိုတော်၊ မင်းကြောက်နေရင် နေခဲ့...အဲ့ကောင်ကို ငါကိုယ်‌တိုင်သတ်ပြီး ငါကိုယ်‌တိုင် နန်းတက်မယ်"

"အဲ့လိုတော့ဘယ်ရမလဲ၊ ငါကအကြီးပဲ။ တကယ်လို့ အဲ့အကောင်သေရင် ငါနန်းတက်မယ်၊ ငါကဆန်နဝီပြည်ရဲ့ အကောင်းမွန်ဆုံးသောဘုရင်တစ်ပါးဖြစ်လာမှာ"

"အေးပါ၊ အခုတော့ လေကိုနည်းနည်းလျှော့၊ လာ"

စံအိမ်နဲ့ အ၀င်ပေါက်ကြားမှာ မြစ်လိုလိုချောင်းလိုလိုတစ်ခုခြားထားတယ်။ရေတွေကလည်းညစ်ပတ်နေတာပဲ မြောင်းရေလိုပဲ။

"ငါကဒီမြစ်ကိုဖြတ်ရမှာလား၊ အွန့် ရွံစရာကြီး"

"မဖြတ်ချင်နေလေ"

"မင်းက နန်းတက်ရဖို့ဘာမဆိုလုပ်မှာပဲ"

"အနာခံရင် အသာစံရမယ်၊ အသာစံချင်မှတော့ မြောင်းရေသောက်ဆိုလည်း သောက်ရမှာပဲ"

"နေနေ...ငါတော့ မလိုက်တော့ဘူး၊ မင်းသာဆက်သွားတော့။ အဆင်ပြေပါစေကွာ ညီတော်"

"မင်းသေချာလား"

"အေး..."

"မင်းနန်းမတက်တော့ဘူးလား၊ ဒီမြောင်းအတွက်နဲ့စွန့်လွှတ်တော့မှာလား"

"ညီတော် ငါရဲ့သန့်ရှင်းနဲ့ လက်နှစ်ဖက်နဲ့ ချောမွေ့တဲ့ခြေထောက်နှစ်စုံကို ဘုရင်ရူးရူးပြီး အညစ်ပတ်မခံနိုင်ဘူး၊ မင်းကံကောင်းပါ‌‌ေစကွာ"

"အေးပါ မင်းပြန်နှင့်မှာလား ငါ့ကိုကူဦးမှာလား"

"ငါဒီကစောင့်နေမယ်၊ မင်းသူ့ကိုသယ်လာမှာမလား"

ထိုသို့ဖြင့် ဆန်နဝီရဲ့ ဒုတိယမြောက်သားက ထိုမြောင်းရေများကိုဖြတ်ကာ စံအိမ်တံခါးရှေ့၀ရောက်သွားသည်။

ကျန်ခဲ့တဲ့ အကြီးဆုံးသားကတော့ နှုတ်ခမ်းတစ်ဖက်ကွေးကာပြုံးရင်း တစ်နေရာကိုထွက်သွားသည်။

Married To The Death ManWhere stories live. Discover now