မြို့မကြီးလမ်း🛣️²³

159 19 5
                                    

ဒီနေ့‌ မောင့်ဆီကစာရတယ်၊ သူဟိုမှာအဆင်ပြေတယ်တဲ့...ဒါပေမဲ့ တချို့အတားအဆီးတွေ‌ေကြာင့် ကောက်ခါငင်ကာ ကယ်လို့မရဘူးဆိုတယ်။ မောင်ထွက်သွားတာ ၄ရက်ရှိပြီ...ကျတော် မောင်ပြန်လာတဲ့အထိ ရေတွက်နေမှာ

"ငါတို့ ဒီနေ့ ဘယ်ကိုသွားကြမလဲ"

စကားပြောဖော်မရှိတဲ့ကျတော်။အခု ကျတော့်နားက ငှက်လေးတွေကိုမေးနေတာ သူတို့ကလွတ်လပ်စွာပျံသန်းနေကြတယ် နော်အားကျတယ်။

ကျတော်လည်းမောင်ပြန်လာရင် တစ်ခေါက်လောက် ကြည်နူးဖွယ် အခိုက်အတန့်လေးတွေဖန်တီးချင်ပါသေးတယ်။

ပျင်းပျင်းရှိတာနဲ့...စာဖတ်ခန်းကိုထွက်လာဖို့ပြင်လိုက်တယ်။ ပြီးမှသတိရတယ် ကျတော့် ဒိုင်ယာရီကိုဆက်ဖတ်ရဦးမယ်။

"ဘယ်နားမှာလိမ့်..."
"အော် ဒီမှာ"

စားပွဲ‌အောက်ရောက်နေပါသော ထိုစာအုပ်လေး။ ကျတော်ဆက်ဖတ်ဖို့ နေရာအကျထိုင်းအပြီး။ ဖတ်လက်စ နေရာလေးကိုလှန်လိုက်တယ်။

၁၀.၁၂.၁၈၇၈

ငါ့ကိုလာခေါ်ဖို့ မြင်းလှည်းတွေရောက်တော့မယ်လို့ အထိန်းတော်ကြီးကပြောတယ်
ငါ ဒီစံအိမ်တော်ထဲကထွက်သွားလို့ ၀မ်းနည်းမိပါတယ်သူ့ကိုလည်း သွားကြည့် နိုင်တော့လို့ ပိုတိုး ၀မ်းနည်းပါသေးတယ်

အောက်မှာ မြင်းအသံကြားတယ်သွားရ...။စောနက ဆက်ရေးမိဘူးမယ်တော်ကအတင်းခေါ်နေတာမို့လေ

မြင်းလှည်းမောင်းသမား ဦးလေးကြီးက တစ်ခြားလမ်းက သွားမယ်လုပ်နေသဖြင့် မြို့မကြီးလမ်းကသွားဖို့ ပြောလိုက်သည်

Married To The Death ManOnde histórias criam vida. Descubra agora