24/7 🌋¹⁷

169 24 0
                                    

နိုးလာတဲ့ မနက်ခင်းက သာသာယာယာရှိမနေ၊ ခါးလိုက်တဲ့ ကျတော့်ဘ၀ ။

ကျတော်နိုးတော့ သူဘေးမှာမရှိတော့ဖူး။ လုပ်ချင်တိုင်းလုပ်ပြီး ထားခဲ့သည်။ ကျတော် ခေါင်းမာခဲ့တာကိုနောင်တရတယ်။

ကျတော်သာခေါင်းမမာရင်ဒီလိုခံရမှာမဟုတ်ဘူး အခုတော့ လုပ်ချင်တိုင်းလုပ်ပြီး ပစ်ထားခဲ့ခံရသည်။

အမလေး ကျို့စ် ကျို့စ် ခါးကနာလိုက်တာ၊ လမ်းတောင်မလျှောက်နိုင်တော့ဘူးထင်တယ်။

တမျိူးတော့မထင်ပါနဲ့ဗျ၊ ကျတော်စောင်ကြီးကိုခါးခုအိပ်မိလို့ ခါးနာတာ‌ပါ ၊ ဟိုလူကြီးနဲ့ ဘာမှမဖြစ်ခဲ့ပါဘူး။ ကျတော့်ကိုသူလွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့... လုပ်ချင်သလိုလုပ်ပြီး ထိချင်သလိုတော့ထိသွားတယ်။

"နိုးပြီလား"

"....."

"ငါမေးနေတာမကြာဘူးလား"

"ကြားတယ်"

"ကြားရင် ပြန်ဖြေဖို့ မင်းမှာပါးစပ်မပါဘူးလား"

"ငါဘာသာဖြေချင်မှဖြေမှာပေါ့၊ ငါ့ကိုအမိန့်ထုတ်စရာမလိုဘူး"

"မင်း...သိပ်ကိုအကြောတင်းတယ်နော်၊ အရင်ကအရမ်းအကြောတင်းတတ်တာသိပေမဲ့ ဒီလောက်တင်းမယ်လို့တော့ ထင်မထားခဲ့ဘူး"

ပြောနေရင်း ကျတော်နားတိုးလာပြီး ကျတော့်မေးစေ့ကို ခပ်တင်းတင်းစေ့ကိုင်ကာ အတင်းဖိထားလို့ မေးရိုးတွေနာသည်။

"နာတယ်!"

"မင်းငါ့ကိုအော်စရာမလိုပါဘူး၊ Nattawat"

"မင်းဘာဖြစ်နေတာလဲ Gem"

"ငါ့ကိုညကခေါ်သလို ခေါ်"

ထိုအခါမှ ညကအဖြစ်အပျက်တွေတောင်ပြန်မြင်လာသလိုပင်၊ ရှက်စရာကြီး အမေ့!

"ခေါ်လေ၊ အဲ့လောက်စဉ်းစားစရာလိုလို့လား၊ သတိရအောင်လုပ်ပေးရမလား"

"မလိုဘူး၊ ငါမှမခေါ်ချင်တာ"

"မင်းပဲအဲ့လိုခေါ်ခဲ့တာ မင်းတာ၀န်ယူ"

"မင်းကရော တာ၀န်မယူဘူးလား"

"ဟင့်....."

Smirkတစ်ခုနှင့် အပြင်ကိုပြန်ထွက်သွားသည်။ သူကျတော့်ကိုမချစ်တော့လို့ ဒီလိုဆက်ဆံနေတာ...

Married To The Death ManWhere stories live. Discover now